၃ရာ ၁၉:၉” ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌အဘယ်သို့ပြုလျက်နေသနည်းဟုမေးတော်မူ၏”
ကျွန်တော်တို့၏ဘဝအသက်တာတွင်တစ်ခါတစ်ရံ စိတ်ပျက်စရာအခက်ခဲများကို ရင်ဆိုင် ဖြေရှင်းကြရပါ၏။အချို့သောအခက်အခဲများသည် ကြီးမားသော ဝန်တာများကို ဖြစ်စေ ပါသည်။ လူသားအနေဖြင့် စိတ်ပျက်ခြင်း၊အားလျော့များကိုဖြစ်လာစေပါသည်။ ထို့အတူပဲ ပရောဖတ်ကြီးဧလိယ၏အသက်တာတွင်ကြုံခဲ့ရပါသည်။
ဓမ္မရာဇဝင်တတိယစောင်အခန်းကြီး၁၈နှင့်၁၉ကိုဖတ်ကြည့်ပါက ပရောဖတ်ကြီး ဧလိယ ကြုံတွေ့ရသောအခက်ခဲများကို တွေ့ရမည်ဖြစ်သည်။ ပရောဖတ်ကြီး ဧလိယသည် ဘုရားသခင်၏ ကြီးမားစွာအသုံးပြုခြင်းဖြင့် အံဩဘွယ်နိမိတ်လက္ခဏာဖြင့် ဗာလ ပရောဖတ် တို့ကို့ သုတ်သင်ခဲ့ပါသည်။ ထို့နောက် ရှင်ဘုရင်အာဟပ်သည် ဧလိယ၏ လုပ်ဆောင်မှုများကိုမိဖုရားယေဇဗေလကိုပြောပြသောအခါသူမသည် ဧလိယကို လိုက်လံ သတ်ဖြတ်ဖို့ရန် စေခိုင်းလိုက်ပါတော့သည်။ ဧလိယသည် သုံးနှစ်၊ သုံးမိုး မကြောက်မရွံ့ အမှုတော်ထမ်းခဲ့သော်လည်း ချိန်းချောက်မှုနှင့်ကြုံရသောအခါ ကြောက်ရွံ၍ ယုဒခရိုင်၊ ဗေရရှေဘမြို့တိုင်အောင် ပြေးခဲ့ရပါသည်။ မိမိ၏ဝိညာဉ်ကို သိမ်းတော်မူပါဟု ဘုရား သခင် ထံဆုတောင်းသည်အထိ စိတ်ဓါတ်ကျခဲ့ပါသည်။ သို့သော် ဘုရားသခင်သည် သူ့အားအနားယူစေပြီးအမှုအသစ်(၃)ခုကိုဆက်လက်လုပ်ဆောက်ဖို့ရန် တာဝန်ပေးခဲ့ ပါ သည်။ ထိုအမှုသစ်(၃)ခုကတော့…
(၁)ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ခန့်ထားပြီးဘိသိတ်ပေးရမည်ဖြစ်သည်။
(၂)နိမ်ရှိသားယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ဘိသိတ်ပေးရမည်ဖြစ်သည်။
(၃)ရှာဖတ်သား ဧလိရှဲကို သင့်ကိုယ်စားပရောဖတ်အရာ၌ ခန့်ထား၍ ဘိသိတ် ပေးရ မည်ဖြစ်သည်။ဘုရားသခင်ပေးသောခွန်အားဖြင့် ပရောဖတ်ကြီးဧလိယသည် တာဝန်များ ကိုအောင်မြင်စွာထမ်းရွတ်နိုင်ခဲ့ပါသည်။ ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် ကျွန်တော် တို့၏ ဘဝအသက်တာတွင် ဘုရားသခင်သည် အခက်ခဲများထဲမှ အမှုသစ်ကို ပြုတော်မူ မည်ကိုယုံကြည်ရမည်ဖြစ်သည်။ ဘုရားသခင်ပြုတော်မူသောအမှုသစ်များကို မျှော်လင့် ခြင်း ဖြင့် လျှောက်လှမ်းကြပါစို့။