ထာဝရအသက်
15.7.2021( Friday)
ရာဇဝင်ချုပ်(ပ) ၂၉:၁၅ “အကျွန်ုပ်တို့သည် ဘိုးဘေးကဲ့သို့ ရှေ့တော်၌ ဧည့်သည်အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာနေရသောကာလသည် အရိပ်ကဲ့သို့ဖြစ်ပါ၏”
လောကကြီး၌ ဖန်ဆင်းသမျှအရာအားလုံးထဲတွင် လူကို ဘုရားသခင်သည် အံဩဘွယ်သောသွင်ပြင်လက္ခဏာများဖြင့် ဖန်ဆင်းခဲ့သည်။ လောက၌ သက်ရှိသက်မဲ့အရာမှန်သမျှကို အုပ်စိုးရန် စီမံခန့်ခွဲရန် တာဝန်ပေးခဲ့ပါသည်။ ဖန်ဆင်းသမျှအားလုံးထဲတွင် လူကို အမြင့်ဆုံးချီးမြောက်ခဲ့ပါသည်။ လူသည် အပြစ်ထဲ၌ မကျဆင်းမှီ ထာဝရလူအဖြစ်ဘုရားသခင်ဖန်ဆင်းခြင်းဖြစ်သည်။ သို့သော် လူသည်ဘုရားစကားနားမထောင်ခြင်းကြောင့် အပြစ်တရား၏အခကား သေခြင်းပေတည်းဟူသော အရာသည် လူသားမျိုးနွယ်အဆက်ဆက်သို့ကျရောက်ခဲ့သည်။
ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်၏ကြီးမားစွာအ သုံးပြုခြင်းခံရသော သူတစ်ယောက်ဖြစ်သည်။ သူသည် ဟေဗြုန်မြို့၌ ခုနှစ်နှစ်၊ ယေရုရှင်လင်မြို့၌ သုံးဆယ်သုံးနှစ်မင်းပြု၍ က္ကသရေလနိုင်ငံကို နှစ်ပေါင်းလေးဆယ် စိုးစံခဲ့ပါသည်။ သူ့ဘဝ၏နောက်ဆုံးအချိန်တွင် မြေကြီးပေါ်တွင်နေရသောကာလသည် အရိပ်သက်သက်သာဖြစ်သည်ဟု ဝန်ခံခဲ့ပါသည်။ သမိုင်းအဆက်ဆက် ထင်ပေါ်ကျော်ကြားသောသူများသည်လည်း အသက်အရွယ်ကြီးပြင်းလာသောအခါ ထင်ပေါ်ကျော်ကြားမှုများသည် အရိပ်ပမာကွယ်ပျောက်သွားကြပါသည်။ ဤလောကကြီးထဲ ပိုင်ဆိုင်ထားသော စည်းစိမ်ဥစွာ၊ အောင်မြင်မှုများသည် ချန်ထားခဲ့ရမည်ဖြစ်သည်။ အလိုအပ်ဆုံးအရာတစ်ခုမှာ “ထာဝရအသက်”ကို ရရှိပြီလားဟူသော မေးခွန်းအတွက် တိကျသောအဖြေကို သိဖို့လိုပါသည်။ သေရင် ဘယ်သွားမလဲ? ထာဝရအသက်ရရှိဖို့ရန်ဘာလုပ်ရမလဲ? မေးခွန်းများအတွက် စိတ်ချမှုလိုပါသည်။ ထိုမေးခွန်းအားလုံးအတွက် အဖြေမှာ ” ယေရှူခရစ်တော်သာ”ဖြစ်သည်။ ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရာ” ဟုမိန့်ဆိုခဲ့သည်။ သခင်ယေရှုခရစ်ကို ယုံကြည်သောသားသမီးတိုင်းသည် ထာဝရအသက်ကိုရရှိမည်ဖြစ်သည်။ ထိုထာဝရအသက်သည် ကျွန်ုတို့အတွက်ဘုရားသခင် ပေးသော ထာဝရအာမခံချက်ဖြစ်သည်။ စိတ်နှလုံးသားတံခါးကို ဖွင့်ပြီး သခင် ယေရှုကိုမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ်ခေါ်ဖိတ်လက်ခံပါက ထာဝရအသက်ကိုရရှိပြီး နောင်တမလွန်အတွက် စိတ်ချမှုကိုရရှိမည်ဖြစ်သည်။
ဖလားဆဲ