ကိုယ်တော်နှစ်သက်သောနှလုံးသား

Share

ကိုယ်တော်နှစ်သက်သောနှလုံးသား
13.7.2022(Wednesday)

တမန်တော်ဝတ္ထု ၁၃:၂၂ ” နောက်မှ ထိုသူကိုပယ်၍၊
က္ကသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူအားသက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီးဟု မိန့်တော်မူ၏”

သမ္မာကျမ်းစာထဲ၌ ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဟု ချီးမွမ်းခြင်းခံရသောသူမှာဒါဝိဒ်မင်းကြီးဖြစ်သည်။ ဒါဝိဒ်၏အသက်တာကိုကြည့်မည်ဆိုလျှင် သူ၏လုပ်ဆောင်ချက်များသည် အမြဲတမ်းဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီခဲ့ပါ။ ဒါဝိဒ်သည် လူပေါင်းများစွာ၏သွေးတွေနဲ့ စွန်းနေသော စစ်သူရဲတစ်ယောက်ဖြစ်သည်။ သူသည် ဗာသရှေဘဟုခေါ်‌ေသာ အမျိုးသမီးနဲ့လည်းမတရား‌ သောမေထုန်ပြုခဲ့ပါသည်။ ထို့အပြင်ဖခင်တစ်ယောက်၏တာဝန်ဝတ္တရားတွေလည်း မကျေနိုင်ခဲ့ပါ။ သူ၏မိသားစုထဲ၌ ပြသနာတွေ အခြေအ‌ေနဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါသည်။ ဒါဝိဒ်သည်ဘုရားသခင်၏အမိန့်တော်ကို ဆန့်ကျင်ပြီး မာနထောင်လွှားစွာဖြင့် သူ့စစ်တပ်ကိုသန်းခေါင်စရင်းကောက်ယူခဲ့တာကြောင့် လူခုနှစ်သောင်း ကပ်ရောဂါဖြင့်သေဆုံးခဲ့ရပါသည်။ ဒီလိုလူမျိုးကို ဘုရားသခင် သူ၏စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဟု ကျွန်ုပ်တို့စောတကတတ်နိုင်ပါသည်။ မှန်ပါသည် ဒါဝိဒ်သည် လူ့အသိုင်းအဝိုင်းက လက်မခံနိုင်လောက်တဲ့ အပြစ်ဒုစရိုက်နှင့် လူတစ်ယောက်ဖြစ်ပါသည်။ သူ၏ အသက်တာသည်မပြည့်ဝ မစုံလင်ခဲ့ပါ။ သို့သော် ဘုရားသခင်သည် ဒါဝိဒ်၏နှလုံးသားကိုကြည့်ရှုသောဘုရားဖြစ်သည်။ အဘယ်ကြောင့်ဘုရားသခင်ကဒါဝိဒ်အား စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဟု ချီးမွမ်းရသလဲဆိုတော့….
(၁)ဒါဝိဒ်သည် မိမိအပြစ်ကိုသိပြီးဘုရားသခင်ထံဝန်ချတောင်းပန်သောသူဖြစ်သည်
(၂)ဒါဝိဒ်၏နှလုံးသားသည် ဘုရားသခင်၏အလိုတော်ကိုဆောင်လိုသောသူဖြစ်သည်
(၃)ဒါဝိဒ်သည် တရားတော်ကိုနေညမပြတ် ဆင်ခြင်အောက်မေ့သောသူဖြစ်သည်
(၄) ဒါဝိဒ်သည် အရာအားလုံးထက်ဘုရားသခင်နှင့် မိသဟာရဖွဲ့ခြင်းကို တောင့်တသောသူဖြစ်သည်
(၅)ဒါဝိဒ်သည်အစဉ်အမြဲ ချီးမွမ်းခြင်းနှင့်ပြည့်နေသောနှလုံးသားဖြစ်သည်။
ဒါဝိဒ်သည် ဘုရားသခင်၏အရှေ့တွင် မှန်ကန်သောနှလုံးသား၊ အလိုတော်ကိုအစဉ်အမြဲ ဝန်ခံ၍ လိုက်လျှောက်အသက်ရှင်သောကြောင့် ဘုရားသခင်နှစ်သက်သော နှလုံးသားပိုင်ရှင်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်ဘုရားသခင်သည် လူ၏အပြင်ပန်းအဆင်းသဏ္ဍန်ထက်နှလုံးသားကိုကြည့်တော်မူသော ဘုရားဖြစ်သောကြောင့်မိမိ၏အသက်တာကိုပြင်ဆင်၍ ဘုရားသခင်နှစ်သက်သောနှလုံးသားပိုင်ရှင်များအဖြစ် လျှောက်လှမ်းကြရအောင်။
ဖလားဆဲ