စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ပါ
12.7.2022(Tuesday)
ယောဟန် ၄:၂၄” ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ်နှင့်၎င်း သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏”
ယနေ့ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရတဲ့ကမ္ဘာကြီးထဲတွင် လောက၏ဆွဲဆောင်မှုများသည်လွန်စွာမှ အင်အားကြီးမားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ရုပ်ဝတ္ထုပစွည်းများ၏ ဆွဲဆောင်မှုများသည် ကျွန်တော်တို့အယောက်စီတိုင်း ကို ဘုရားနှင့်ဝေးရာသို့ တရွေ့ရွေ့ခေါ်ဆောင်သွား နေသည်ကိုတွေ့ရမည်ဖြစ်သည်။ ကျွန်တော်တို့ ဤလောကကြီးထဲသို့ ရောက်ရှိလာရခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်ဘုရားဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်ပါသည်။ ရင့်ကျက် သောခရစ်ယာန်အသက်တာသို့ တတ်လှမ်းလိုပါက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ရန် အချိန်ပေးရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘုရားသခင်ကို ပထမဆုံးဝတ်ပြုကိုးကွယ်သောသူသည် အာဗြံဟံဖြစ်ပါသည်။ ကမ္ဘာဦးကျမ်း ၁၉:၂၇ ထဲတွင် အာဗြံဟံသည် နံနက်စောစောထ၍ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည်ဟု ဖော်ပြထားပါသည်။ သူသည် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းကြောင့် ကောင်းကြီးမဂ်လာသုံးခုရရှိခဲ့ပါသည်။ ထိုအရာများကတော့
(၁) ဘုရားဘုန်းတော်ထင်ရှားစေခဲ့ပါသည်
(၂) ယုံကြည်သူများကောင်းကြီးမဂ်လာခံရပါသည်
(၃) ဘုရားသခင်ရှေ့မှာ မျက်နှာသာရခဲ့ပါသည်
အာဗြံဟံသည် ဘုရားသခင် ကျေနပ်နှစ်သက်စေသော ဝတ်ပြုကိုးကွယ်ခြင်း ကို နေ့စဉ်ပြုလုပ်သောကြောင့် မျိုးရိုးစဉ်ဆက် အဆက်ဆက်တိုင်အောင် ကောင်းကြီးမဂ်လာခံစားခဲ့ရပါသည်။ ယုံကြည်သူ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ရန် အချိန်ပေးရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လောကကြီး၏ လောကဓံတရားများကို ခံနိုင်ဖို့ရန် ဘုရားပေးသောခွန်အားနှင့် ကွယ်ကာခြင်းများရှိမှသာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းဟု ဆိုသည်အခါတွင် ဘုရားသခင်ကျေနပ်စေသော ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ဖို့ လိုပါသည်။ အပြင်ပန်းအားဖြင့် ချီးမွမ်းကိုးကွယ်ခြင်းများကို ဘုရားသခင် မနှစ်သက်ပါ။ စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းကိုးကွယ်ကိုသာ ဘုရားသခင်လက်ခံမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အားဝတ်ပြုကိုးကွယ်ဖို့ရန် အချိန်ပေးကြပါစို့ဟု တိုက်တွန်းပါရစေ။
ဖလားဆဲ