သင်ပိုင်ဆိုင်သောဆုကျေးဇူး
9.7.2022(Saturday)
၁ကော ၁၂:၄“ဆုကျေးဇူးတော် အထူးထူးအထွေအထွေ ရှိငြားသော်လည်း ဝိညာဉ်တပါးတည်းရှိ၏။
ကမ္ဘာပေါ်တွင်ကြီးကြယ်ခမ်းနားသော အကောင်းဆုံးဟင်းလျာ(Master Shelf)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ခရစ်စတင်းဟူသော အမျိုးသမီးငယ်လေးတစ်ယောက်၏အကြောင်းကိုဖော်ပြလိုပါ၏။ သူမသည် Master Shelf ပြိုင်ပွဲ ၂၀၁၂ခုနှစ်၏ Winner ဖြစ်ခဲ့သူပါငယ်စဉ်တုန်းက အမြင်အာရုံချွတ်ယွင်းသောသူတော့မဟုတ်ခဲ့ပါ။ ထိုစဉ်အခါက မီးဖိုခန်းတွင် ဟင်းများစွာကို ချက်ပြုတ်နိုင်သူဖြစ်သည်။ နောက်ပိုင်းတွင်အမြင်အာရုံတဖြည်းဖြည်းချွတ်ယွင်းလာပြီး ဘာမှမမြင်ရတော့ပေ။ သူမ၏အိမ်မက်ဖြစ်သောစားဖိုမှူးဖြစ်ဖို့ရန် ဝေဝါးလာပါတော့သည်။ သို့သော် သူမသည် အားမလျှော့ဘဲ ကမ္ဘာကျော်(Master Shelf)ပြိုင်ပွဲသို့ လာရောက်ယှဥ်ပြိုင်ခဲ့ပါသည်။အံ့ဩဘွယ်သော သူမ၏ကောင်းမွန်လှသော ဟင်းလျာများကြောင့် အဆင့်တိုင်းတွင် ဒိုင်များ၏နှစ်သက်သဘောကျမှုကိုခံခဲ့ရပါသည်။ နောက်ဆုံးမှာတော့ အခက်ခဲအမျိုးမျိုးကြားထဲမှ (Master Shelf )ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ပါသည်။ သူမသည် အမြင်အာရုံချွတ်ယွင်းခဲ့ရသူဖြစ်သော်လည်း သူမ၏အစွမ်းအစကို သူမသိရှိပြီး ကြိုးစားသည့်အခါ အောင်မြင်ခြင်းရရှိခဲ့ပါသည်။
ထိုအတူပဲ ကျွန်တော်တို့အယောက်စီတိုင်းသည်လည်း ဘုရားသခင်ပေးထားသော အစွမ်းအစများကိုယ်စီရှိကြပါသည်။ ထို့ကြောင့် ကိုယ်စီပိုင်ဆိုင်ထားသောဆုကျေးဇူးအစွမ်းအစများအားဖြင့်အများအကျိုးအတွက်ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်စေဖို့ရန်အတွက် ပါဝင်အစေခံဝန်ထမ်းကြစို့။
ဖလားဆဲ