စိတ်ဓါတ်ကြံ့ခိုင်မှု

Share

စိတ်ဓါတ်ကြံ့ခိုင်မှု

6.7.2022(Wednesday)

၁ကော ၉:၂၄“မြေတလင်း၌ပြိုင်၍ ပြေးသောသူအပေါင်းတို့သည်ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင်ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည့်အကြောင်း ပြေးကြလော့”

ပြိုင်ပွဲများပြိုင်သည့်အခါတွင် ကစားသမားတိုင်းအတွက် အလိုအပ်ဆုံးသော အရာမှာ စိတ်ဓါတ်ကြံ့ခိုင်မှုဖြစ်ပါသည်။ ထိုစိတ်ဓါတ်ကြံ့ခိုင်မှုသည် အရှုံးမှ အနိုင်သို့ ကူးပြောင်းပေးနိုင်ပါသည်။

အပြေးအမြန်ဆုံးသတ္တဝါများထဲတွင် သမင်လည်းပါဝင်ပါသည်။ သမင်၏အမြန်နှုန်းက တစ်နာရီလျှင် (၉၀)ကီလိုမီတာရှိသည်ဟုဖော်ပြကြပါသည်။ သို့သော် သမင်သည် အများအားဖြင့် ကျားများ၏ အစာဖြစ်သွားခဲ့ရပါသည်။ ကျား၏အမြန်နှုန်းက‌ တော့တစ်နာရီလျှင် (၅၉)ကီလိုမီတာအထိသာရှိသည်ဟု သိရပါသည်။ သို့သော် ကျားများသည် သူတို့ထက်မြန်ဆန်သော သမင်များကို အလွယ်တကူအမှီလိုက်ပြီး ဖမ်းယူစားသောက်နိုင်ကြပါသည်။ အဘယ်ကြောင့်ဆိုသော ကျားသည် သမင်ထက် ပို၍ ကြံ့ခိုင်၍ ခိုင်မာပြတ်သားသော စိတ်ရှိသောကြောင့်ဖြစ်သည်။ လိုချင်သောအရာကို ရရှိရမည်ဟူသော ယုံကြည်ချက်ရှိသောကြောင့်ဖြစ်သည်။ ကျွန်တော်တို့သင်ခန်းစာယူရမည်မှာ မည်သို့သော အခက်ခဲများဖြင့် ရင်ဆိုင်ရစေကာမူ စိတ်ဓါတ်ကြံ့ခိုင်မှုရှိဖို့ရန် လေ့ကျင့်ရမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲ က္ကသရေလလူမျိုးသည် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင် နာခံမှုများအားနည်းခြင်းကြောင့် နှစ်ပေါင်း(၄၀)အချိန်ကုန်သွားခဲ့ရပါသည်။ ထို့ကြောင့် ကြံ့ခိုင်သောစိတ်ဓါတ်ထားရှိကာ အခက်ခဲအားလုံးကို ကျော်ဖြတ်ကြပါစို့ဟု အားပေးပါရစေ။

ဖလားဆဲ