နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်မှု

Share

နက်ရှိုင်းသောရင်းနှီးကျွမ်းဝင်မှု

1.7.2022(Friday)

ယောဟန် ၁၅:၁၅“ယခုမှစ၍ငါသည်သင့်ကိုကျွန်ဟူ၍မခေါ်။ကျွန်မူကား၊ကိုယ်သခင်ပြုသောအမှုကိုမသိ။သင်တို့ကို အဆွေဟူ၍ငါခေါ်၏။အကြောင်းမူကားငါသည်ခမည်းတော်ထံ၌ကြားသမျှသောအရာတို့ကို သင်တို့အားငါပြသ၏”

ယနေ့ကမ္ဘာကြီးကို ကြည့်လိုက်မည်ဆိုပါက လူတစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်ဖို့ရန် ဆက်သွယ်ပေးသောအရာများသည် ရှိလို့လာပါသည်။ တိုးတတ်လာမှုများရှိလာသည်နှင့်အမျှ ဆုတ်ယုတ်မှုများလည်း ရှိနေပါသည်။

မည်မျှပင်နည်းပညာတိုးတတ်စေကာမူ နက်ရှိုင်းသောရင်းနှီးကျွမ်းဝင်မှုတော့ တည်ဆောက်နိုင်မည်မဟုတ်ပေ။ နက်ရှိုင်းသောရင်းနှီးကျွမ်းဝင်မှုရှိဖို့ရန် အချိန်ပေးနိုင်မှု၊နားလည်မှုတို့ရှိမှသာ တည်ဆောက်နိုင်မည်ဖြစ်သည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် ဒါဝိဒ်မင်းကြီးသည် အင်မတန်မှ ဘုရားသခင်နှင့် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်မှုကို တောင့်တသောသူဖြစ်ပါသည်။ တောကြိုတောင်ကြားထဲ ပြေးလွှားနေချိန်ဖြစ်စေ၊နန်းတော်၌ရှိနေသည်ဖြစ်စေ အချိန်တိုင်း ဘုရားသခင်၏ အတူရှိခြင်း၊လမ်းပြခြင်းကိုသာ လိုချင်သောသူဖြစ်ပါသည်။ ထိုကြောင့်လည်း “ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ညီညွတ်သောသူဖြစ်သည်”ဟု ချီးမြှောက်ခြင်းကို ခံခဲ့ရပါသည်။ လူသားအချင်းချင်းရင်းနှီးကျွမ်းဝင်မှုရှိဖို့ရန် အချိန်ပေးဖို့လိုသလို ဘုရားသခင်နှင့်အကျွမ်းဝင်ဖို့ရန် သေချာပေါက်အချိန်ပေးဖို့လိုပါသည်။ မည်မျှပင်လောကဓံ၏ရိုက်ပုတ်မှုဒဏ်များလာစေကာမူ ဘုရားသခင်နှင့်နက်ရှိုင်းသောရင်းနှီးကျွမ်းဝင်မှုရှိပါက ငြိမ်သက်ခြင်းအပြည့်ဖြင့် အရာခပ်သိမ်းကို ‌အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်ပါသည်။

ဖလားဆဲ