အဖေများနေ့

Share

အဖေများနေ့

19.6.2022(Sunday)

ဧဖတ် ၆:၁”သားသမီးတို့ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏”

ရှေ့ဦးစွာHappy father’s Day ပါလို့ အဖေများကိုနှုတ်ခွန်းဆက်လိုပါသည်။ မိသားစုတစ်စုတွင် အဖေတစ်ယောက်၏အခန်းဂဏ္ဍသည် အင်မတန်မှ‌အရေးပါလှပါသည်။

သားသမီးများအပေါ်ထားသောအဖေရဲ့ အနစ်နာခံမှု၊ပေးဆပ်မှုတို့သည် သာမာန်တစိမ်းတစ်ယောက်နှင့်နှိုင်းယှဥ်ပါကအင်မတန်မှကွာခြားလှပါသည်။ အဖေတစ်‌ယောက်၏ တာဝန်ကလည်း ကြီးမားလှပါသည်။ သားသမီးများ၊ လူအများကြားမျက်နှာမငယ်ရအောင် ကြိုးစားရုန်းကန်သောသူများမှာအဖေများသာဖြစ်သည်။ တစ်ခါက Facebook တွင်ကြည့်ခဲ့ရသော အဖေတစ်ယောက်သည်သူ၏လသားအရွယ်ကလေးငယ်လေးနှင့်အတူ တွန်းလှည်းဖြင့်ဈေးရောင်းရသည့်ကို မြင်ရသောအခါ အင်မတန်မှစိတ်မကောင်းဖြစ်ခဲ့ရပါသည်။ အမေ၏ချစ်ခြင်းသည် ကြီးမားသလို အဖေ၏ချစ်ခြင်းသည်လည်း အမေ့ထက်မလျော့သည်ကို ကျွန်တော်တို့စိတ်နှလုံးထဲဝယ် မှတ်ယူထားရမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲ ၌ ယုံကြည်ခြင်းကြီးမားသော အာဗြံဟံ၊ဘုရားသခင်နှင့်အတူသွားလာသော ဧနောက်၊ နာခံခြင်းရှိသော နောဧတို့သည် အင်မတန်မှတာဝန်ကျေသော၊အတုယူစရာဖခင်ကောင်းများဖြစ်ခဲ့ပါသည်။ မိသားစု၌ နှုတ်ကပတ်တော်သမ္မာတရားအတိုင်းလိုက်လျှောက်သောဖခင်သည် သားစဉ်မြေးဆက် အဆက်ဆက်တိုင်အောင် ကောင်းကြီးဖြစ်စေမည်ဖြစ်သည်။ ထို့ကြောင့်သားသမီးများအနေဖြင့်အဖေများနေ့တွင်…

(၁)မိုးလင်းတာနဲ့ အဖေကို ချစ်တယ်ဟုပြောပေးပါ

(၂)အဖေ့အတွက် အမှတ်တရပစွည်းတစ်ခုခုပေးပါ

(၃)မိသားစုဝင်တိုင်း ဖခင်များနေ့ကိုတန်ဖိုးထားပါ

(၄)အဖေလုပ်ဆောင်ပေးခဲ့သောအရာများကို အမြဲသတိရပါ

(၅)အဖေ့အတွက် ဆုတောင်းပေးပါ

အထက်ပါအချက်(၅)ချက်အားဖြင့် အဖေများနေ့တွင် အဖေများကို ဂုဏ်ပြုကြရအောင်ဟု တိုက်တွန်းပါရစေ။အဖေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဖလားဆဲ