အသုံးခံခြင်းတစ်ခုသာ
14.6.2022(Tuesday)
ဆာလံကျမ်း ၁၉:၁“မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကျက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏”
အိမ်တစ်အိမ်ဟူ၍ဖြစ်လာသည့်အခါ အိမ်၏အသုံးအဆောင်ပစွည်းများသည်လိုအပ်ပါသည်။ အိမ်ရှင်အသုံးပြုဖို့ရန် အိမ်အသုံးအဆောင်ပစွည်းများသည် သူ့နေရာနှင့်သူအသုံးခံကြရပါသည်။
ကမ္ဘာပေါ်ရှိရှိသမျှအရာအားလုံးသည် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေဖို့ရန် ဖန်ဆင်းထားခြင်းဖြစ်သည်။ နေမင်းကြီး၊လမင်းကြီး၊ရေ၊လေရှိသမျှအရာတို့သည် သူ့နေရာနှင့်သူဘုန်းတော်ထင်ရှားစေဖို့ရန် အသုံးခံကြရပါသည်။ ဘုရားသခင်အတွက်အသုံးခံကြသော သူများထဲတွင် လူအမျိုးမျိုး၊အလွှာပေါင်းစုံအမျိုးမျိုးပါဝင်ပါသည်။ အားလုံးက သူနေရာနှင့် အသုံးဝင်ကြပါသည်။ ကျွန်တော်တို့ ပိုင်ဆိုင်ထားသော၊ဉာဏ်ပညာ၊အစွမ်းသတ္တိများဖြင့် အသုံးခံကြဖို့ဖြစ်ပါသည်။ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် မည်သို့သောတန်ဆာပလာမျိုးဖြစ် စေကာမူ အိမ်ရှင်အသုံးပြုသောတန်ဆာပလာများဖြစ်ရပါမည်။ဘုရားသခင်၏အသုံးခံရခြင်းအပိုင်းတွင် ဘွဲ့တွေအထပ်ထပ်ရထားတဲ့ ဓမ္မဆရာမှမဟုတ်ဘဲ ဘာဘွဲ့ထူး၊ဂုဏ်ထူးမှမရထားသောသူများသည်လည်း သူနေရာနှင့်သူ အသုံးဝင်ပါသည်။သက်သေခံခြင်း၊ပါဝင်လှုဒါန်းခြင်း၊ဆုတောင်းခြင်းများအားဖြင့် ပါဝင်ကြဖို့ဖြစ်ပါသည်။ ထို့ကြောင့် မိမိရှိသည့်နေရာတွင် ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက် ပါဝင်အသုံးကြပါစို့ဟု တိုက်တွန်းပါရစေ။
ဖလားဆဲ