ထောက်ပံ့ပေးသောအရှင်

Share

ထောက်ပံ့ပေးသောအရှင်

13.6.2022(Monday)

ရှင်မဿဲ ၆:၃၃-၃၄”ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။ ထိုကြောင့်နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်”

လူသားတစ်ဦးအနေဖြင့် အသက်ရှင်နေထိုင်နိုင်ဖို့ရန် အဓိကအခြေခံလိုအပ်ချက်များလိုအပ်ပါသည်။ ထိုအခြေခံအချက်များကတော့-စား၊ဝတ်၊နေရေးဖြစ်ပါသည်။ အသက်ဘေးနှင့်အနီးဆုံးကတော့ စားရေးပဲဖြစ်ပါသည်။

ထွက်မြောက်ရာကျမ်း ၁၆:၁-၄တွင် က္ကသရေလလူမျိုးများသည် အဲဂုတ္တုပြည်မှထွက်လာပြီး သိန်တောသို့ရောက်သောအခါ ပါလာသမျှစားနပ်ရိက္ခာများ ကုန်သွားပါတော့သည်။ လူအင်အားကတော့ ခြောက်သိန်းလောက်ရှိပါသည်။ ရက်ပေါင်းအားဖြင့်(၄၅)ရက်ကြာလာသောအခါ အဓိကလိုအပ်ချက်ဖြစ်သော စားရေးဒုက္ခရောက်သောကြောင့် မောရှေအားပြင်ဆင်ပေးရန်တောင်းဆိုကြပါသည်။ ထိုသို့ဆာလောင်လာသောအခါ က္ကသရေလလူမျိုးများသည် အဲဂုတ္တုပြည်မှ ဘုရားသခင်ပြုတော်မူသော အံ့ဖွယ်(၁၀)ပါးကိုလည်းမေ့သွားကြကာ မောရှေအားအပြစ်တင်လာကြပါသည်။ ထို့သို့အခက်အခဲအကျပ်အတည်းဆုံးအချိန်တွင် ဘုရားသခင်သည် ကောင်းကင်မှ မန္နမုန့်ကိုပြင်ဆင်ပေးခဲ့ပါသည်။မန္နမုန့်နှင့်ပတ်သတ်ပြီး သိရသလောက်အချက်အလက်ကတော့ မုန့်အရောင်ကအဖြူရောင်ဖြစ်ပြီး၊အရသာကတော့ ပျားမုန့်ကြွပ်(ဝေဖာမုန့်အရသာ)ရှိသည်ဟု ပညာရှင်များကဆိုကြပါသည်။မန္နမုန့်သည် ကလေး၊လူငယ်၊လူကြီး လူတိုင်းစားနိုင်သောအစားအစာတစ်မျိုးဖြစ်ပါသည်။စားရေးအတွက် ဘုရားသခင်အကောင်းဆုံးပြင်ဆင်ပေးခဲ့ပါသည်။ ထိုနည်း၎င်းဘဲ ကျွန်တော်တို့၏ဘဝအသက်တာတွင်လည်း တစ်ခါတစ်ရံအကျပ်အတည်းဆုံးအချိန်များနှင့်ရင်ဆိုင်ရနိုင်ပါသည်။သို့သော် ထိုခက်ခဲသောအချိန်များ၌ ဘုရားသခင်သည် ပစ်ထားမည်မဟုတ်ပေ။ မျှော်လင့်မထားသောနည်းလမ်းဖြင့် ဘုရားသခင်သည်ထောက်ပံ့ပေးပါလိမ့်မည်။ အရေးကြီးဆုံး ဘုရားသခင်ထံမျှော်ကြည့်၍ စိတ်နှလုံးအကြွင်းမဲ့ခိုလှုံကိုးစားဖို့ရန်ဖြစ်ပါသည်။

ဖလားဆဲ