ကလေးများနေ့( Happy Children Day)

Share

ကလေးများနေ့(Happy Children day)

12.6.2022(Sunday)

ဧဖတ် ၆:၄“အဘတို့၊ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါမပြုကြနှင့်။သခင်ဘုရား၏အလိုတော်နှင့်ညီသောဆုံးမသွန်သင်ခြင်းကိုပြုလျက်ကျွေးမွေးကြလော့”

ပျော်ရွှင်စရာ“ကလေးများနေ့”ပါဟု သားသားမီးမီးလေးများကို နှုတ်ခွန်းဆက်လိုပါသည်။ တစ်နှစ်ပြီးတစ်နှစ်ပုံမှန်လည်ပတ်ရင်း ယနေ့မှာတော့ ကလေးများနေ့တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါပြီး။

အဖြူစင်ဆုံး၊ချစ်စရာအကောင်းဆုံးအရွယ်သည် ကလေးအရွယ်ဖြစ်ပါသည်။ စာရေးသူ အဆိုတော်စိုင်းထီးစိုင်၏သီချင်းတောင် ပြန်လည်သတ်ိရမိပါသည်။သီချင်းလေးကတော့“အပူပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်”စာသားလေးကို သတိရမိပါသည်။ ကလေးဘဝသည်အမှန်တကယ်တော့ အပူပင်ကင်းစွာကြီးပြင်းလာဖို့ရန် မိဘတိုင်းတာဝန်ဖြစ်ပါသည်။ ယနေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးသူငယ်တစ်ချို့သည် မိသားစုအတွက်ဘဝကိုရုန်းကန်နေကြရသည်ကို တွေ့ရမည်ဖြစ်သည်။ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ကလေးအရွယ်သည် အင်မတန်မှ နုနယ်သောအရွယ်ဖြစ်သောကြောင့် ဘုရားသခင်ကိုသိခြင်းနှင့်အတူသမ္မာတရား၏အခြေခံအုတ်မြစ်ခိုင်ခံ့မှသာ ကြီးပြင်းလာသည်အထိ လမ်းကြောင်းမှန်သို့လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲ၌ ရှမွေလလေးသည် ငယ်ရွယ်စဥ်ကတည်းက သမ္မာတရားအတိုင်းလျှောက်လှမ်းသောကြောင့် လူအများ‌ လေးစားရသောယဇ်ပရောဟိတ် ကြီးဖြစ်လာခဲ့ပါသည်။ သမ္မာတရားလမ်းအတိုင်းလျှောက်လှမ်းသော ကလေးများဖြစ်စေဖို့ရန် မိဘများအနေဖြင့်- အချိန်ပေးခြင်း၊ ဘုရားသခင်နှင့်ရင်းနှီးကျွမ်းစေခြင်း၊ကျမ်းပိုဒ်များသင်ပေးခြင်း၊ လမ်းမှန်သို့သွန်သင်လမ်းပြခြင်း၊ ယုံကြည်ခြင်းအုတ်မြစ်ခိုင်ခံ့စေခြင်းများအားဖြင့် ကလေးများအားပျိုးထောင်ကြပါစို့ဟု တိုက်တွန်းပါရစေ။

ဖလားဆဲ