စောင့်ဆိုင်းခြင်း
11.6.2022(Saturday)
ယေဇကျေလ ၁၂:၂၅“ငါသည် ထာဝရဘုရားဖြစ်၏။ငါပြောလျှင် ပြောသည့်အတိုင်းပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်းမရွေ့ရ”
ကျွန်တော်တို့၏ဘဝအသက်တာတွင် တစ်ခါတစ်ရံစောင့်ဆိုင်းရသောအချိန်များနှင့်ကြုံရတတ်ပါသည်။ ဥပမာအနေဖြင့်- လိုင်းကားလာရန်စောင့်ဆိုင်းရခြင်း၊ စာမေးပွဲအောင်ရန်အဖြေစောင့်ဆိုင်းခြင်း၊ အလုပ်ရဖို့ရန်စောင့်ဆိုင်းခြင်း စသဖြင့် အမျိုးမျိုးရှိပါသည်။
စောင့်ဆိုင်းခြင်းသည် ကျွန်တော်တို့အားအများဖြင့် အားမလိုအားမရ၊စိတ်ပျက်စေနိုင်ပါသည်။ သို့သောစောင့်ဆိုင်းခြင်းအားဖြင့် အကျိုးများစွာကို ဖြစ်စေနိုင်ပါသည်။ ယနေ့အသင့်ချက်အစားအသောက်များသည် အမြင်အားဖြင့်ကြည့်လျှင် အမြန်ဆုံးချက်စားနိုင်မည်ဖြစ်သည်။ အမှန်တကယ်တော့ အသင့်ချက်အစားအစာများသည် ဓါတုပစွည်းမြောက်များစွာဖြင့် ပြုလုပ်ထားသောကြောင့် ရေရှည်တွင်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။ အမှန်တကယ်တော့ ဓါတုပစွည်းမပါသော အသီးအနှံများကသာ လူကို အာဟာရဖြစ်စေပါသည်။ သို့သော် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းနိုင်မှသာ သုံးဆောင်နိုင်မည်ဖြစ်သည်။ ထိုနည်း၎င်းဘဲ သမ္မာကျမ်းစာထဲ၌ က္ကသရေလလူများသည် မာရအရပ်သို့ရောက်သောအခါ နေကလည်းပူ၊ရေကလည်းဆာနေချိန်ဖြစ်သောကြောင့် မောရှေအားရေစီစဉ်ပေးရန် ညီးတွားအော်ဟစ်ကာ တောင်းဆိုကြပါသည်။ မာရ ရေသည်ခါးသောကြောင့် မသောက်နိုင်ကြပေ။ ထို့ကြောင့် မောရှေသည် ဘုရားသခင်ထံအော်ဟစ်၍ တောင်းလျှောက်သောအခါ ဘုရားသခင်က သစ်ပင်တစ်ပင်ကိုပြပြီး အဲ့ဒီသစ်ပင်ကို ရေထဲချလိုက်သောအခါ ရေခါးများသည် ချိုသွားပါသည်။ ထို့နောက် လူအများအလုအယက် သောက်သုံးကြပြီး ခရီးဆက်နိုင်ခဲ့ကြပါသည်။ မကြာမီမှာပင်ရေတွင်းဆယ်နှစ်တွင်း၊စွန်ပလွန်ပင်ခုနှစ်ဆယ်နှင့် ပြည့်စုံသောဧလိမ်ရွာသို့ရောက်ခဲ့ကြပါသည်။ မစောင့်ဆိုင်းခြင်းကြောင့် ဘုရားသခင်ပြင်ဆင်ပေးသော အရာကို မသုံးဆောင်နိုင်ကြတော့ပေ။ ထိုအတူပဲ ကျွန်တော်တို့၏ဘဝအသက်တာတွင်လည်း တစ်ခါတစ်ရံ စောင့်ဆိုင်းရခြင်းကြောင့် စိတ်ပျက်စရာ၊စိတ်ညစ်စရာများကြုံတွေ့ရနိုင်ပါသည်။ စိတ်မပျက်ပါနှင့်…မိတ်ဆွေ။ ဘုရားသခင်သည် သူချစ်သောသားသမီးများအတွက် အကောင်းဆုံးကိုပြင်ဆင်ပေးထားနှင့်ပြီးဖြစ်သည်။ ယုံကြည်စွာဖြင့် စိတ်မပျက်ဘဲ အဆုံးထိစောင့်ဆိုင်းပါက လှပသောအရာ၊ပြင်ဆင်ပေးထားသောကောင်းကြီးများစွာ မြင်တွေ့ရပါလိမ့်မည်။
ဖလားဆဲ