ယုံကြည်သူနှင့်အချိန်

Share

ယုံကြည်သူနှင့်အချိန်

10.6.2022(Friday)

ဆာလံကျမ်း၉၀:၁၀“အကျွန်ုပ်တို့၏အသက်အရွယ်သည်အနှစ်ခုနှစ်ဆယ်အတိုင်းအရှည်ရှိပါ၏။အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်းဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏”

နေရက်တွေပြောင်းလဲလာသလို အချိန်ရာသီဥတု၏စက်ဝန်းသည်လည်း ပြောင်းလဲလို့လာနေပါသည်။ ကလေး၊လူငယ်၊လူကြီးအလိုက် တရွေ့ရွေ့ပြောင်းလဲနေသောအချိန်အပေါ်တွင် ရှင်သန်လှုပ်ရှားရုန်းကန်ကြရပါသည်။

ကျွန်တော်တို့အားလုံးသိသောစကားပုံလေးတစ်ခုရှိပါ၏။ ထိုစကားပုံကတော့“အချိန်နဲ့ဒီရေ လူကိုမစောင့်”ဟူ၍ဖြစ်သည်။ အမိဝမ်းထဲမှမွေးဖွားလာပြီးနောက် ကျွန်တော်တို့၏လမ်းဆုံးသည် သေဆုံးခြင်းဟူ၍ဖြစ်ပါသည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြားတွင် ရှင်သန်ခွင့်အခွင့်အရေးရှိပါသည်။ပညာရှင်တစ်ယောက်က လူသက်တမ်း(၇၀)ကို ဤသို့ပျမ်းမျှတွက်ချက်ခဲ့ပါသည်။

(၁)လူငယ်ဘဝ (၁၅)နှစ်

(၂)အိပ်စက်အနားယူချိန်(၂၀)နှစ်

(၃)အပန်းဖြေ၊ခရီးထွက်ချိန်(၇)နှစ်

(၄)မကျန်းမာ၍ဖျားနာချိန်(၅)နှစ်

(၅)အလုပ်ခွင်၌အချိန်ကုန်ချိန်(၂၃)နှစ်ဟူ၍ဖြစ်ပါသည်။

ရှင်သန်ရချိန်သည် အင်မတန်မှတိုတောင်းလှပါသည်။ တကယ်တော့ ကျွန်တော်တို့ ဤလောကကြီးထဲ အသက်ရှင်ရခြင်းအခွင့်သည် ဘုရားသခင်ပေးသောလက်ဆောင်ဖြစ်ပါသည်။ဘုရားသခင်၏အကြံအစည်အလိုတော်အတိုင်းအသက်ရှင်သူသာ အချိန်ကို အကျိုးရှိစွာ အသုံးပြုသောသူဖြစ်ပါသည်။ ထို့ကြောင့် ရှင်သန်ရသောအချိန်ကာလတွင် အချိန်ကိုအချည်းနှီးမဖြစ်စေဘဲ ဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့ အကောင်းဆုံးလျှောက်လှမ်းကြအောင်ဟု အားပေးလိုပါသည်။

ဖလားဆဲ