လိုအပ်သောအရာ

Share

လိုအပ်သောအရာ

9.6.2022(Thursday)

မဿဲ ၇:၇“တောင်းကြလော့။တောင်းလျှင်ရမည်။ရှာကြလော့။ရှာလျှင်တွေ့မည်။တံခါးကိုခေါက်ကြလော့။ခေါက်လျှင်ဖွင့်မည်”

ကမ္ဘာကြီးထဲအသက်ရှင်ရသောအခါဝယ် လူသားတစ်ဦးအနေဖြင့် လိုချင်စရာများ၊ရွေးချယ်စရာများသည် များပြားလှပါသည်။ ဥပမာအနေဖြင့်-ဖုန်း၊ကား၊ အလှအပဆိုင်ရာပစွည်းများ၊ အဝတ်အစားများ စသဖြင့် အများကြီးရှိပါ၏။

ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အလျောက် နေ့စဉ်နှင့်အမျှ တိုးတတ်မှုများ၊ ဆွဲဆောင်မှုများက အတောမသတ်အောင်ဆွဲဆောင်လို့နေသည်ကို တွေ့ရမည်ဖြစ်သည်။ လိုချင်စရာများအား တပ်မက်မှုများပြားလာပါက စိုးရိမ်စရာဖြစ်ပါ၏။ နှုတ်ကပတ်တော် သမ္မာကျမ်းစာထဲမှ ရှောလမုန်မင်းကြီးအကြောင်းကို လေ့လာကြည့်ပါစို့။ ဘုရားသခင်က သူအား“မည်သည့်အရာကို ပေးရမည်နည်းတောင်းလျှောက်ပါ”ဟု မေးလိုက်ပါသည်။ သူသည် စည်းစိမ်ဥစွာပိုင်ဆိုင်မှု ဘာတစ်ခုမှ မတောင်းခဲ့ပါ။ သူတစ်ခုသာ တောင်းဆိုခဲ့ပါသည်။ သူ့အတွက်အလိုအပ်ဆုံးအရာက တိုင်းပြည်ကိုအုပ်ချုပ်ရန် “ဉာဏ်ပညာ”ဖြစ်ပါသည်။ ဘုရားသခင်သည် သူလိုအပ်သောအရာဖြစ်သော “ဉာဏ်ပညာ”သာမက စည်းစိမ်ဥစွာကိုပါ ထပ်မံပေးခဲ့ပါသည်။ ကျွန်တော်တို့အနေဖြင့်လည်း ရှောလမုန်မင်းကြီး၏ မှန်ကန်သောရွေးချယ်မှုကို အတုယူရမည်ဖြစ်သည်။ သူသည် အမှန်တကယ်လိုအပ်သောအရာကိုသာ တောင်းလျှောက်ခဲ့ပါသည်။ထို့‌ ကြောင့်ကျွန်တော်တို့သည်ဘုရားသခင်၏သားသမီးများဖြစ်သည့်အလျှောက်ဘုရားသခင်သည် ဘယ်သောအခါမှ ပစ်ထားမည်မဟုတ်ပေ။ ယုံကြည်သူသားသမီးတိုင်း၏ လိုအပ်မှုကို သိ သော ဘုရားဖြစ်သောကြောင့် လိုချင်သောအရာများထက် လိုအပ်သောအရာများကိုသာဘုရားသခင်ထံ တောင်းလျှောက်ကြပါစို့။

ဖလားဆဲ