ပညာနှင့်ပြည့်စုံသောအမျိုးသမီး
8.6.2022(Wednesday)
သုတ္တံကျမ်း ၁၄:၁“ပညာရှိသောမိန်းမသည် မိမိအိမ်ကိုတည်ဆောက်တတ်၏။မိုက်သောမိန်းမမူကား၊ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏”
ဖန်ဆင်းခြင်းအစပြုသည့်အခါတွင် ဘုရားသခင်သည် လူယောက်ျားကိုဖန်ဆင်းသလို လူမိန်းမကိုဖန်ဆင်းခဲ့ပါသည်။ ဧဝမှဆင်းသက်လာပြီး အမျိုးသမီးမြောက်များစွာဖြစ်တည်လာခဲ့ပါသည်။
သမ္မာကျမ်းစာတွင် အင်မတန်မှ အတုယူစရာစံပြအမျိုးသမီးများကိုတွေ့ရမည်ဖြစ်သည်။ သတ္တိရှိသောဧသတာ၊ နာခံခြင်းရှိသောရုသ၊ နှိမ့်ချသောဧလကာန၊ အလိုတော်ဝန်ခံသောမာရိ စသဖြင့်အများကြီးရှိပါသည်။ စာရေးသူအနေဖြင့် ပညာရှိသောအမျိုးသမီးတစ်ယောက်အကြောင်းကိုဖော်ပြလိုပါ၏။သူမအမည်ကတော့“အဘိဂဲလ”ဟုခေါ်ပါသည်။ သူမ၏အမျိုးသားက တော့“နာဗလ”ဖြစ်သည်။တစ်နေ့မှာတော့ ဒါဝိဒ်သည် နာဗလ၏ကျေးဇူးမသိတတ်ခြင်း၊ ရိုင်းစိုင်းသောအပြုအမူများကြောင့် အင်မတန်မှ ဒေါသထွက်ခဲ့ပါသည်။ မကြာမှီပင် နာဗလနှင့်ဆိုင်သော ယောကျာ်းမှန်သမျှကို သတ်ပစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ထို့နောက်ဒေါသတကြီးဓါးလက်နက်ကို ကိုင်ဆွဲပြီး သွားကြပါသည်။ ထိုသတင်းကို နာဗလ၏မယားအဘိဂဲလသည်ကြားသောအခါဉာဏ်ပညာရှိစွာဖြင့် စားစရာများပြင်ဆင်ပြီး ဒါဝိဒ်တို့အဖွဲ့ရှိရာသို့သွားခဲ့ပါသည်။ လမ်းတွင် ထိပ်တိုက်ဆုံသောအခါ အဘိဂဲလသည် ဒူးထောက်ပြီး ပညာရှိစကားများဖြင့် ဒါဝိဒ်၏ဒေါသကိုဖြောင်းဖြပါသည်။ ဒါဝိဒ်သည်အဘိဂဲလ၏စကားကိုကြားပြီးနောက် စိတ်ပြေသွားပြီး သူ၏အစီီအစဉ်ကိုဖျက်သိမ်းလိုက်ပါသည်။ အမှန်တကယ်တော့ ဤကိစွသည် သွေးကြောင်းစီးမည့်ကိစွဖြစ်သည်။ ပညာရှိသော အဘဲဂဲလ၏ လုပ်ရပ်ကြောင့် အရာအားလုံးပြေလည်သွားခဲ့ရပါသည်။ထို့ကြောင့် ဉာဏ်ပညာနှင့်ပြည့်စုံ၍ ပညာရှိသောမိန်းမသည် မိမိ၏ပတ်ဝန်းကျင်၊မိသားစု၊အသင်းတော်တွင် အင်မတန်မှ အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသောသူများဖြစ်ပါသည်။
ဖလားဆဲ