လိမ်လည်လှည့်ဖျားသူ(မိစ္ဆာပရောဖတ်)

Share

လိမ်လည်လှည့်ဖျားသူ(မိစ္ဆာပရောဖတ်)

30.5.2022(Monday)

မဿဲ ၇:၁၅“အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသောမိစ္ဆာပရောဖတ်တို့ကို သတိနှင့်ရှောင်ကြလော့”

ယနေ့ခေတ်ကာလကို ကြည့်မည်ဆိုလျှင် မိစ္ဆာပရောဖတ်များတဖြည်းဖြည်းများလို့လာနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဥပမာအားဖြင့်-စာရေးသူနှင့်ရင်းနှီးသောအကိုတစ်ယောက်သည် ဩစတေးလျနိုင်ငံသို့အလုပ်သွားရောက် လုပ်ကိုင်ဖို့ရန် ငွေကြေးများစွာရင်းနှီးခဲ့ရပါသည်။သို့သော် မမှန်ကန်သော အေးဂျင့်ကြောင့် ငွေများအားလုံးဆုံးရှုံးခဲ့ရပါသည်။ လူသားအချင်းချင်းလိမ်လည်လှည့်ဖျားမှုများရှိသလို ခရစ်ယာန်တို့၏ယုံကြည်ခြင်းကိုသွေဖယ်စေရန် ဆရာတု၊ဆရာယောင်များ၏သွန်သင်မှုအမှားများလည်းရှိလာပါသည်။ ခရစ်တော်ပဌာနာဆုတောင်းခြင်းမလို၊ ဘုရားကျောင်းတတ်ရန်မလို၊အသင်းတော်ရှိရန်မလို၊ စသည်သွန်သင်မှုအမှားများကို သတိပြုရမည်ဖြစ်သည်။ဓမ္မဟောင်းကျမ်းထဲတွင်လည်း ပရောဖတ်အတုများရှိသလို ဓမ္မသစ်ကျမ်းထဲတွင် ပရောဖတ်တုမိစ္ဆာများကို တွေ့ရမည်ဖြစ်သည်။တမန်တော် ၁၃:၄-၁၂တွင် ဗာယေရှုဟုခေါ်သောနတ်ဝိဇ္ဇာအအတတ်သမား မိစ္ဆာပရောဖတ်သည် ပေါလုနှင့်ဗာနဗကို ဆီးတားနှောက်ယှက်သောကြောင့် မျက်စိကွယ်သွားခဲ့ရပါသည်။ မိစ္ဆာပရောဖတ်တို့၏ဇာတ်သိမ်းသည် ဘယ်တော့မှအဆုံးသတ်မလှပေ။၁၉၇၈ခုနှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် Guyanaနိုင်ငံမှ မိမိကိုယ်ကိုဘုရားသခင်ဟုပြောဆိုသော မိစ္ဆာပရောဖတ် Jim Jones ကြောင့် လူပေါင်း၉၀၉ဦး မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြပါသည်။ထို့‌ကြောင့်မိစ္ဆာပရောဖတ်တို့၏ရန်ကိုကာကွယ်ဖို့ရန်….

(၁)ကျမ်းစာကိုစေ့စေ့ဖတ်ရှုခြင်း

(၂)ဆုတောင်းခြင်း

(၃)မှန်ကန်သော ကျမ်းစာသင်တန်းများတတ်ခြင်း

(၄)မှန်ကန်သောခရစ်ယာန်အသက်တာလျှောက်လှမ်းခြင်းအားဖြင့် ကာကွယ်ကြပါစို့ဟု တိုက်တွန်းပါရစေ။

ဖလားဆဲ

Reference>>ဆရာတော်ပီတာဂျက်ဆင်(ယုံကြည်သူများသတိပြုရန်)