သဘောထားချင်းမတိုက်ဆိုင်တော့ပါသဖြင့်
28.5.2022(Saturday)
မဿဲ ၁၉:၆“ထို့ကြောင့်လင်မယားတို့သည်နှစ်ဦးမဟုတ်။တစ်ဦးတည်းဖြစ်၏။ဘုရားသခင်ဖက်စပ်၍ထမ်းပိုး တင်တော်မူသောအရာကိုလူတို့မခွဲမခွာစေနှင့်ဟုမိန့်တော်မူ၏”
ယနေ့ခေတ်ကာလအချိန်ကိုကြည့်မည်ဆိုလျှင် စိတ်သဘောထားခြင်းမတိုက်ဆိုင်မှုများကြောင့် အိမ်ထောင်များ၊ လုပ်ငန်းများ၊အသင်းအဖွဲ့များ ပြိုကွဲလို့လာနေသည်ကိုတွေ့ရမည်ဖြစ်သည်။
ကိုရီးယားနိုင်ငံမှ အောင်မြင်ကျော်ကြားသော မင်းသားနှင့်မင်းသမီးသည်လည်း စိတ်သဘောထားခြင်းမတိုက်ဆိုင်မှုကြောင့် လမ်းခွဲသွားခဲ့ရပါသည်။ အမှန်တကယ်တော့လည်း မတူညီသောအကျင့်စရိုက်ရှိသူနှစ်ဦးသည် စိတ်သဘောထားနှင့်အကြိုက်လည်းအလုံးစုံတူညီနိုင်မည်မဟုတ်ပေ။နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲမှု များအောက်တွင်“သဘောထားချင်းမတိုက်ဆိုင်တော့ပါသဖြင့်”ဟူသော အဆုံးသတ်လိုက်ကြသည်ကိုတွေ့ရမည်ဖြစ်သည်။ ခရစ်ယာန်တို့လက်ထပ်မင်္ဂလာဆောင်နှင်းသည်အခါတွင် အသင်းတော်၊သင်းအုပ်ဆရာတော်တစ်ပါးပါးထံ လူရှေ့၊ဘုရားရှေ့၊သက်သေများရှေ့တွင် ဂတိကဝတ်များပြု၍ လုပ်ဆောင်ရပါသည်။ လက်ထပ်ပြီးနောက် ကွာရှင်းပြတ်စဲခြင်းမရှိသက်ဆုံးထိတိုင်ပေါင်းသင်းကြရပါသည်။ ထို့ကြောင့် သဘောထားချင်းမတိုက်ဆိုင်တော့ပါသဖြင့်ဟူသောစကားကို ဘယ်သောအခါမှမသုံးစွဲဘဲ ကြင်နာခြင်း၊နားလည်ခြင်း၊သစွာရှိခြင်း၊ချစ်ခြင်း၊ခိုင်မာသောသံယောဇဉ်ကြိုးများဖြင့် သေတဖန်သက်တစ်ဆုံး ခိုင်မြဲသောအိမ်ထောင်များဖြစ်ပါစေသော်။
ဖလားဆဲ
Reference>>တာတာ(သိန်နီ)