တန်ဖိုးထားခြင်း
27.5.2022(Friday)
၁တိ ၄:၁၂” သင်၏အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှမထီမဲ့မြင်မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစွာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကိုပြလော့”
ယနေ့တန်ဖိုးကြီးအသုံးအဆောင်များသည် သူတန်ဖိုးနှင့်သူရှိပါသည်။ Super Market ထဲဝင်လိုက်သည်နှင့် ပစွည်းတန်ဖိုးများကို အတတ်အကျအနိိမ့်အမြင့်အလိုက်ဈေးနှုန်းများကပ်ထားပါသည်။
ပစွည်းကောင်းလျှင်ကောင်းသလို တန်ဖိုးလည်းမြင့်တတ်သွားပါသည်။
စာရေးသူလည်း တစ်ခါက ဖုန်းဆိုင်တစ်ဆိုင်တွင် နားကြပ်လေးတစ်ခုသွားဝယ်ပါသည်။ဒီဇိုင်းလေးလည်းလှ၍ ဈေးနှုန်းလည်းကပ်ထားရာ(၅၀၀၀)မျှသာရှိသောကြောင့်ဝယ်လိုက်ပါသည်။နှစ်ပတ်ခန့်အကြာတွင် နားကြပ်ကြိုးတစ်ဖက်ပြတ်သွား၍ နားထောင်လို့လည်းမရတော့ပေ။ တန်ဖိုးနည်းသောပစွည်းဖြစ်သောကြောင့် သူ့အတိုင်းအတာအထိသာ ခံနိုင်ရည်ရှိသည်ကို သိလိုက်ရပါသည်။ စာရေးသူအနေဖြင့် ခွန်အားပေးလိုသည်မှာ လူငယ်များအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားခြင်းဖြစ်ပါ၏။ မိမိကိုယ်ကို တန်ဖိုးထားခြင်းသည် မည်သည့်အရပ်၌ရှိသည်ဖြစ်စေ၊ တန်ဖိုးရှိနေမည်ဖြစ်သည်။ ဥပမာအနေဖြင့်-ဈေးဆိုင်တွင်ချိတ်ဆွဲထားသော အဝတ်အထည်များကို ဈေးလာဝယ်သူများက လှတယ်၊မလှဘူးဟု ဆိုကာ လာရောက်စမ်းသပ်ကိုင်တွယ် လေ့ရှိကြပါသည်။စမ်းသပ်ဖန်များလာလေလေ၊ ထိုအထည်သည် အရောင်အသွေးစံချိန်မမှီဖြစ်သွားနိုင်ပါသည်။ နောက်ဆုံးရောင်းဈေးတန်ဖိုးလည်းကျသွားမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားခြင်းနှင့်အတူ မိမိ၏တန်ဖိုးကို နိမ့်ကျစေသောအပြောအဆို၊အပြုအမူ၊အသက်ရှင်မှုမျိုးကို ရှောင်ကြဉ်ကြပါစို.။
ဖလားဆဲ