ဘုရားပေးတဲ့သူ(နံရိုးရှင်)
26.5.2022(Thursday)
သုတ္တံကျမ်း ၁၈:၂၂“မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍၊ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏”
ကမ္ဘာကြီးကို ဘုရားသခင်ဖန်ဆင်းသည့်အခါတွင် လူသားဖြစ်သောအာဒံနှင့်ဧဝကိုလည်းဖန်ဆင်းခဲ့ပါသည်။ သေချာတာကတော့ အာဒံနှင့်ဧဝနှစ်ယောက်တည်းရှိသည့်ကာလမှာတော့ ချစ်ခြင်းအားဖြင့် ပျော်ရွှင်ဖွယ်အတိပင်ဖြစ်ပေမည်။
အာဒံ၏နံရိုးသည် ဧဝဖြစ်သည်ဟု ပြောစမက်ပြုကြပါသည်။ နံရိုးရှင်ဟုပြောသည်မှာ အာဒံ၏နံရိုးကိုထုတ်၍ ဘုရားသခင်သည် ဧဝကိုဖန်ဆင်းခဲ့ခြင်းကြောင့်ဖြစ်ပါ၏။ လူနှစ်ဦးပေါင်းဖက်ကြသည့်အခါဝယ် ချစ်ခြင်းမေတ္တာသည် အက္ခရာကျလှပါသည်။ မြင်မြင်ချင်းအချစ်၊ လေးစားသောအချစ်၊ အပြန်အလှန်အချစ်စသဖြင့် အမျိုးမျိုးရှိပါ၏။ မေတ္တာသက်ဝင်၍ ညားကြသူ(၃)မျိုးရှိပါသတဲ့။ထိုသုံးမျိုးကတော့..
(၁)ချစ်ဦးသူ-ပထမဦးဆုံးအပျံသင်စအရွယ် ချစ်ကြသောအချစ်မျိုးဖြစ်ပေသည်။ ဆိုရိုးစကားလေးရှိသတဲ့။ ရည်းစားဦးကို မြေးဦးရတဲ့အထိမမေ့သောအချစ်မျိုးဟုပြောကြပါသည်။ ရည်စားဦးနှင့်ပေါင်းဖက်ရသူလည်းရှိပါသည်။
(၂)ချစ်ဖူးသူ-တစ်ချို့က ချစ်ဖူးသူအမြောက်အများရှိကြပါ၏။ ချစ်ဖူးသူများများစားစားရှိသူတို့သည် အရပ်က မျက်နှာများသည်ဟုပြောကြသတဲ့။
(၃)ဘုရားပေး သောသူ(နံရိုးရှင်)-အာဒံအတွက် ဧဝရှိသလို၊ အောင်ဒင်အတွက် အေးမေသည်ရှိစမြဲပင်ဖြစ်ပါ၏။ ဘုရားပေးသောသူ နံရိုးရှင်တို့သည် အချိန်တန်လာသောအခါပေါင်းဖက်ရပါသည်။
ဘုရားပေးသောနံရိုးရှင်သည် အကောင်းဆုံးလက်ဆောင်သာဖြစ်ပါ၏။ ထို့ကြောင့် ချစ်ခြင်းမေတ္တာအရင်းတည်၍ သခင်ဘုရားနှစ်လိုဘွယ်ဖြစ်သော ခရစ်ယာန်အိမ်ထောင်တည်ထောင်ကြပါစေသော်။
ဖလားဆဲ
Reference>>ညားကြသည်ဆိုရာ၌
(Rev Dr.သောင်းကြည်)