ချည်နှောင်မထားပါနှင့်

Share

ချည်နှောင်မထားပါနှင့်

24.5.2022(Tuesday)

မဿဲ ၁၈:၃၅“သင်တို့သည်လည်း၊ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံဟု မိန့်တော်မူသည်”

ချည်နှောင်ထားသည်ဟူသောစကားလုံးလေးသည် ကျွန်တော်တို့ကြားဖူးနားဝါဖြစ်သောစကားလေးဖြစ်ပါ၏။ ဥပမာအနေဖြင့် -အရာဝတ္တုတစ်ခုခုကို လွတ်ထွက်မသွားအောင်ချည်နှောင်ထားခြင်းမျိုးဖြစ်သည်။

စာရေးသူအနေဖြင့် ပြောလိုသည်မှာ လူသားအချင်းချင်းချည်နှောင်ထားသော အမုန်းတရားများအကြောင်းဖြစ်ပါ၏။ ဒေါသ၏ချည်နှောင်မှု၊ အမုန်း၏ချည်နှောင်မှု၊ မနာလိုခြင်း၏ချည်နှောင်စသဖြင့် အမျိုးမျိုးရှိပါသည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင် ရှေလုမင်းကြီးသာ် မနာလိုခြင်း၏ချည်နှောင်မှုကိုခံခဲ့ရပါသည်။ ဒါဝိဒ်သည် ဂေါလျတ်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင့် လူအများက ရှေလုအထောင်ထောင်၊ဒါဝိဒ်အသောင်းသောင်းဟု ကြွေးကြော်ကြပါသည်။ထိုသို့ကြားပြီးနောက်ပိုင်း ဒါဝိဒ်ကို မနာလိုဖြစ်လာ၍ အကြိမ်ကြိမ်သတ်ဖို့ရန် ကြိုးစားအားထုတ်ခဲ့ပါသည်။ နောက်ဆုံးမှာတော့ ရှင်ဘုရင်အရာမှနုတ်ယူခြင်းကို ခံရသလို၊ဆိုးရွားသောသေခြင်းမျိုးဖြင့် သေဆုံးခဲ့ရပါသည်။ ချည်နှောင်ခြင်း၏အကျိုးဆက်ဖြစ်ပါသည်။ ချည်နှောင်ခြင်းသည် ကောင်းခြင်းထက် ဆိုးခြင်းကိုသာ ဦးတည်သောအရာဖြစ်ပါ၏။ ထို့ကြောင့်၊

အတ္တ၊အမုန်း၊ မာန်မာနများ၏ချည်နှောင်ခြင်းကိုမခံဘဲ ဘုရားပေးသောခွန်အားဖြင့် ချည်နှောင်ထားသမျှကို ချိုးဖြတ်ကြစို့။

ဖလားဆဲ