ကြင်နာသောနှလုံးသား
22.5.2022(Sunday)
တရားသူကြီး ၁၀:၁၆“ထိုအခါ ထာဝရဘုရားသည်က္ကသရေလအမျိုးခံရသောဒုက္ခဆင်းရဲကြောင့် ကြင်နာသောစိတ်နှလုံးရှိတော်မူ၏”
ယနေ့ကမ္ဘာကြီးထဲတွင် ကြင်နာသောနှလုံးသားပိုင်ရှင်များရှိခဲ့ကြသည့်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် မာသာထရီဇာကဲ့သို့ ကြင်နာသောနှလုံးသားပိုင်ရှင်မသည်လူသားများအတွက် အင်မတန်မှ အတုယူစရာဖြစ်ခဲ့ပါသည်။
နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင်
ဘုရားသခင်၏ကြင်နာသောနှလုံးသားဖြင့် ခွင့်လွှတ်ပေး၍ ကူမသောအကြောင်းအရာများကို တွေ့ရမည်ဖြစ်သည်။အထူးသဖြင့် ထွက်မြောက်ရာကျမ်းမှစ၍ တရားသူကြီးမှတ်စာအထိ ဖတ်ကြည့်ပါက ဘုရားသခင်၏နှလုံးသားကိုမြင်တွေ့ရမည်ဖြစ်သည်။ တရားသူကြီးမှတ်စာတွင် က္ကသရေလလူမျိုးများသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုသောကြောင့် မိဒျန်အမျိုးလက်အောက်၌ ခုနှစ်နှစ်ကျွန်ခံခဲ့ရပါသည်။ ထိုသို့ ဆင်းရဲခြင်းဒဏ်ကိုခံရသောကြောင့် ဘုရားသခင်ထံသို့ ကူညီမစရန် အော်ဟစ်တောင်းလျှောက်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သနားကြင်နာတော်မူသောကြောင့် ဂိဒေါင်အားဖြင့် ကယ်တင်ပေးခဲ့ပါသည်။ ထို့နောက်ဂိဒေါင်သေဆုံးပြီးနောက် က္ကသရေလလူမျိုးများသည် တဖန်ဖောက်ပြန်၍ ဗာလဘုရားကို ဝတ်ပြု၍ ဘုရားသခင်အားမေ့လျော့သွားခဲ့ကြပါသည်။ မကြာမှီပင် ဒုက္ခများကြုံလာသောအခါ ဘုရားသခင်ထံတဖန်အော်ဟစ်ခဲ့ကြပါသည်။ ထိုအခါဘုရားသခင်သည် သူတို့၏ဒုက္ခဆင်းရဲခြင်းကို သိမြင်ပြီး တဖန် ပြန်လည် ကူမခဲ့ပါသည်။ ဤအချင်းအရာကို ကြည့်မည်ဆိုလျှင် ဘုရားသခင်၏ နှလုံးသားကိုမြင်တွေ့နိုင်ပါသည်။ ထို့အတူဘဲ ကျွန်တော်တို့၏ဘဝအသက်တာတွင်လည်း ဘုရားသခင်၏ကြင်နာသောနှလုံးသားဖြင့် ကူညီဖေးမ၊ကွယ်ကာမှုများကို ပြန်လည်အောက်မေ့ကာ အကောင်းဆုံး အသက်ရှင်ကြစို့ဟု တိုက်တွန်းလိုပါသည်။
ဖလားဆဲ