မထီမဲ့မြင်မပြုစေနှင့်
21.5.2022(Saturday)
မဿဲ ၇:၁“သင်တို့သည် စစ်ကြောဆုံးဖြတ်ချက်နှင့်ကင်းလွှတ်ရမည်အကြောင်း၊သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်”
လူအချင်းချင်းလေးစားမှုသည် တစ်ဦးနှင့်တစ်ဦး နှီးနှောဆက်နွယ်ရာတွင်လိုအပ်ပါသည်။ ထိုသို့ ထိတွေ့ဆက်ဆံရသည့်အခါတွင် တစ်ဦးနှင့်တစ်ဦးမထီမဲ့မြင်ပြုခြင်းများကို ရှောင်ရှားရပေမည်။
အားနည်းချက်ဟူသည် လူတိုင်း၏ဘဝတွင် အနည်းအများရှိမည်ဖြစ်သည်။ အများအားဖြင့် လူသားသဘာဝအရ အမှန်ထက် အမှားကိုသာ ပို၍ရှာဖွေကြသည့်သဘောရှိပါ၏။အမှတ်တမဲ့ အမှား၏နွံထဲကျရောက်သွားသောအခါမျိုးတွင် ဝိုင်းဝန်းအပြစ်တင်ကြသည် ကိုတွေ့ရမည်ဖြစ်သည်။ စာရေးသူအနေဖြင့် “မထီမဲ့မြင်မပြုစေနှင့်”ဟူသောခေါင်းစဉ်လေးအားဖြင့် ခွန်အားပေးလိုပါသည်။ ဓမ္မရာဇဝင် စတုတ္ထစောင် ၂:၂၃-၂၅တွင် ဗေသလမြို့မှ လုလင်ပျို(၄၂)ဦးအကြောင်းကို ဖော်ပြလိုပါ၏။ပရောဖတ်ကြီးဧလိရှဲသည် ဧလိယကို လေဘွေအားဖြင့်ကောင်းကင်သို့ဘုရားသခင်ချီဆောင်ပြီးသည့်အချိန်တွင် ဧလိယ၏ဝိညာဉ်နှစ်ဆကို ရရှိသောသူဖြစ်သည်။ ဘုရားသခင်ပေးသောဘိသိတ်နှင့် ရွေးကောက်ခြင်းခံရသူဖြစ်ပါသည်။ ပရောဖတ်ကြီး ဧလိရှဲသည် ကျမ်းစာဖော်ပြချက်အရ ထိပ်ပြောင်သောသူဖြစ်သည်။ သူသည် ယေရိခေါမြို့မှ ဗေသလမြို့သို့ပြန်လာစဉ်တွင် လူငယ်(၄၂)ယောက်သည် သူ့အား“ဟေဦးပြည်း၊တတ်ဦးလော့၊ဟေဦးပြည်း”ဟု မထီမဲ့မြင်ပြုကြပါသည်။အဓိပ္ပာယ်ကတော ထိပ်ပြောင်ကြီး၊ကောင်းကင်သို့တတ်ဦးလော့ဟူ၍ဖြစ်သည်။ ထိုသို့ဘုရားသခင်၏လူအား မထီမဲ့မြင်ပြုသောကြောင့် တောထဲမှဝံမနှစ်ကောင်သည် ထွက်လာပြီး ထိုလူငယ်(၄၂)ဦးကို ကိုက်သတ်လိုက်ပါသည်။ ထို့ကြောင့်မထီမဲ့မြင်ပြုခြင်းသည် ဘုရားသခင်မနှစ်သက်သောအရာဖြစ်သောကြောင့် သူတစ်ပါးအားမထီမဲ့မြင်မပြုဘဲ မိမိ၏အသက်တာကိုသမ္မာတရား၌တည်ဆောက်ခြင်းဖြင့် လျှောက်လှမ်းကြပါစို့။
ဖလားဆဲ