သစွာရှိသောသူဖြစ်ခြင်း(၂)
19.5.2022(Thursday)
၁တိ၆:၉“ငွေရတတ်ခြင်းငှါအလိုရှိသောသူတို့သည်အပြစ်သွေးဆောင်ခြင်း၊ဘမ်းမိခြင်း၊မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ကျရောက်တတ်ကြ၏”
သစွာရှိခြင်းနှင့်ပတ်သတ်ပြီး ဓမ္မဟောင်းကျမ်းထဲမှ အာခန်၏အသက်တာအားဖြင့် သင်ခန်းစာရရှိမည်ဖြစ်သည်။ အာခန်၏သစွာမရှိသောလုပ်ရပ်ကြောင့် ဘုရားသခင်၏အမျက်ဒေါသကို ခံခဲ့ရပါသည်။
တမန်တော်ဝတ္တု ၅:၁-၁၁တွင်လည်း အာနနိနှင့်ရှဖိရေဟုခေါ်သောဇနီးမောင်နှံနှစ်ယောက်၏အကြောင်းသိရမည်ဖြစ်သည်။ သူတို့ပိုင်သောမြေကို ရောင်းပြီးလျှင် နှစ်ဦးသားသဘောတူလျက် တဘို့ကိုထိန်ချန်ပြီး တဘို့ကို တမန်တော်တို့ဆီယူဆောင်လာပါသည်။ အမှန်တကယ်တော့ ရောင်းသောမြေသည် သူတို့ပိုင်သောမြေဖြစ်ပါ၏။ သို့သော် ရောင်းရသောမြေ၏တန်ဖိုး အမှန်ကိုမ ပြောဘဲ မုသာဖြင့်လိမ်လည်ပြီး ပြောသောကြောင့် ချက်ချင်းပင် အသက်သေဆုံးခဲ့ကြရပါသည်။ အဓိက အကြောင်းရင်းကတော့ ငွေကြေးတပ်မက်မှုနှင့်စိတ်သဘောမမှန်ကန်မှုတို့ကြောင့် ဖြစ်ပါသည်။ စမ်းသပ်ခြင်းများတွင် ငွေကြေးအားဖြင့်စမ်းသပ်ခြင်းက အင်မတန်မှ လူ၏စိတ်ကိုယိမ်းယိုင်စေပါသည်။ ငွေကြေး၏စမ်းသပ်မှုဒဏ်ကို ခံနိုင်သူဖြစ်မှသာ သစွာရှိသောသူဖြစ်လာမည်ဖြစ်သည်။ သစွာရှိသောသူသည် ဘုရားသခင်၏ချီးမြှောက်ခြင်းကို ခံရမည်ဖြစ်သည်။ သစွာရှိသောသူသာ ဘုရားသခင်၏စိတ်ချစွာပေးအပ်သောတာဝန်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် ပြုလေသမျှအမှုအရာများ၌သစွာရှိသောသူများဖြစ်ကြရအောင်။
ဖလားဆဲ