သစွာရှိသောသူဖြစ်ခြင်း(၁)
18.5.2022(Wednesday)
လုကာ ၁၆:၁၀“အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌သစ္စာမရှိ”
လူ့ဘောင်အဖွဲ့အစည်းတွင် သစွာရှိသောသူကို လူအများလေးစားတန်ဖိုးထားကြပါသည်။ သစွာရှိခြင်းဟူသောအရာသည်လည်း အမျိုးမျိုးသောစမ်းသပ်ခြင်းများကို ကျော်လွန်နိုင်မှသာ ရရှိမည်ဖြစ်သည်။
အချို့က သစွာကိုငွေကြေးလောဘဖြင့်လဲလှယ်ကြပါသည်။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲတွင်လည်း သစွာမရှိသောသူများ၏ အဆုံးသတ်များကိုတွေ့ရမည်ဖြစ်သည်။ ပထမဦးစွာ ယောရှုမှတ်စာ၇:၁-၂၆ အထိဖတ်မည်ဆိုလျှင် အာခန်ဟူသောလူတစ်ယောက်အကြောင်းကို တွေ့ရမည်ဖြစ်သည်။ယောရှုနှင့်စစ်သည်များသည်အာက္ကမြို့သို့သွားရောက်တိုက်သည့်အခါတွင် အာက္ကမြို့သားတို့သည် က္ကသရေလလူအယောက်သုံးဆယ်ကို သတ်ခဲ့ပါသည်။ထို့နောက် ယောရှုသည် အင်မတန်မှစိတ်ပျက်၍ ဘုရားသခင်ထံဟစ်အော်အကူအညီတောင်းခဲ့ရပါသည်။မကြာမှီပင် ဘုရားသခင်သည်စစ်ရှုံးရခြင်း၏အကြောင်းရင်းကို ယောရှုအားပြောပြပါသည်။ ထိုအရာကတော့ “သင်တို့တွင် လူတစ်ယောက်သည် ကျိန်အပ်သောအရာကို ခိုးယူသောကြောင့်ဖြစ်သည်”ဟု ပြောပါသည်။ နောက်ဆုံးတွင် ယောရှုသည် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သည့်အခါတွင် အာခန်သည် ဝန်ခံခဲ့ပါသည်။ သူက“အကျွန်ုပ်သည် ဗာဗုလုန်ဝတ်ရုံ၊ငွေနှစ်ပိဿာ၊ရွှေတုံးအကျပ်ငါးဆယ်ကို တပ်မက်သောကြောင့် ခိုးယူပါပြီး”ဟုဝန်ခံလိုက်ပါသည်။ သစွာမရှိခြင်းအကျိုးဆက်အဖြစ် စီရင်ခြင်းကိုခံခဲ့ရပါသည်။ထို့ကြောင့် မိမိတို့၏မိသားစု၊ပတ်ဝန်းကျင်၊အသင်းတော်၊အလုပ်အကိုင်တို့တွင် ဘုရားသခင်အလိုတော်ရှိသော သစွာရှိသောသူများအဖြစ်လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းလိုပါသည်။
ဖလားဆဲ