ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့ခြင်း

Share

ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ခြင်းအားဖြင့်
16.5.2022(Monday)

တမန်တော်ဝတ္ထု ၁၃:၂၂ ” နောက်မှ ထိုသူကိုပယ်၍၊
က္ကသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူအားသက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီးဟု မိန့်တော်မူ၏”

ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ညီသောသူဖြစ်ရန်မလွယ်လှပေ။ နှုတ်ကပတ်တော်ထဲမှ ဘုရားသခင်၏စိတ်နှလုံးတော်နှင့်ညီ‌ သောသူဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရသူမှာ“ဒါဝိဒ်မင်းကြီး”ဖြစ်ပါ၏။
ငယ်စဉ်ကပင်ဒါဝိဒ်သည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ခြင်းကို တန်ဖိုးထားသူဖြစ်သောကြောင့်ဖြစ်သည်။ သိုးထိန်းကျောင်းသားဘဝသာမက ရှင်ဘုရင်ဖြစ်သည့်ကာလအထိ ဘုရားသခင်နှင့်ခိုင်မာသောမိတ်သဟာရဖွဲ့ခြင်းကို တည်ဆောက်သောသူဖြစ်ပါသည်။ ဘုရားသခင်နှင့်ခိုင်မာသောဆက်သွယ်မှုရှိခြင်းကြောင့် လူကောင်ကြီးသော“ဂေါလျတ်”ကိုလည်းမကြောက်တော့ပေ။ ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် “ဂေါလျတ်”ကိုတိုက်ခိုက်ကာ အောင်မြင်ခြင်းရရှိခဲ့ပါသည်။ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ခြင်းအားဖြင့်…
(၁)ဘုရားသခင်နှင့်ရင်းနှီးလာခြင်း
(၂)ဘုရားသခင်၏လမ်းပြမှုကိုသိမြင်လာခြင်း
(၃)အပြစ်ကို ရှောင်ကြဉ်နိုင်ခြင်း
(၄)ဝိညာဉ်ခွန်အားပြည့်ဝလာခြင်း
(၅)စုံလင်သောသူဖြစ်လာမည်ဖြစ်သည်။
ဒါဝိဒ်ကဲ့သို့ ဘုရားသခင်ကို တောင့်တသောစိတ်နှလုံးကိုရရှိခြင်းအလိုငှါ ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ကြစို့။
ဖလားဆဲ