အသက်တာအသစ်(စောကိုသာဖြူ)

Share

အသက်တာအသစ်(စောကိုသာဖြူ)

15.2.2022

၂ကော ၅: ၁၇ “လူမည်သည်ကား ခရစ်တော်၌ ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီး”

မည်မျှပင်ဆိုးသွမ်းသောဖြစ် စေကာမူ ခရစ်တော်အားဖြင့် အသက်တာအသစ်ဖြစ်လာမည်ဖြစ်သည်။ တစ်ခါတစ်ရံ ဘုရားသခင်၏အကြံအစည်သည် လူဉာဏ်ဖြင့် စဉ်းစားလို့မမှီနိုင်ပါ။

ယနေ့မှာတော့ ကရင်နှစ်ခြင်းအသင်းတော်အတော်များများတွင် “ကိုသာဖြူနေ့”အထိမ်းအမှတ်အစီီအစဥ်များကို လုပ်ဆောင်ကြပါသည်။ထို့ကြောင့် ကရင်လူမျိုးထဲမှ ယုံကြည်သူခရစ်ယာန်တစ်ယောက်ဖြစ်သော စောကိုသာဖြူ၏အကြောင်းကိုဖော်ပြလိုပါ၏။ တစ်ကယ်တော့ ရှေ့ဦးသာသနာပြုဖြစ်သော ကိုသာဖြူ၏ဘဝအသက်တာအစသည် မကောင်းခဲ့ပါ။ သူသည် ငယ်စဉ်အခါအင်မတန်မှဆိုးသွမ်းသော လူဆိုးလူမိုက်တစ်ယောက်ဖြစ်ခဲ့ပါ၏။၁၆.၅.၁၈၂၈တွင် အသက်တာပြောင်းလဲပြီး နှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ ထို့နောက် မိမိအသက်တာကို ဘုရားသခင်၏အမှုတော်မြတ်ထဲတွင် အချိန်ပြည့်ဆက်ကပ်ခဲ့ပါသည်။ နေရာအနှံ့ဧဝံဂေလိတရားကို လိုက်လံဟောပြောပြီး လူပေါင်း(၁၂၇၀)အထိ အသက်တာပြောင်းလဲခဲ့ပါသည်။ အံဩဘွယ်ရာ ဘုရားသခင်၏ အသုံးပြုခြင်းခံရပြီး ကရင်လူမျိုးများအတွက် သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ မည်မျှပင်ဆိုးသွမ်းသောသူဖြစ်စေကာမူ ခရစ်တော်အားဖြင့် အသစ်သောအသက်တာအဖြစ်ပြောင်းလဲခဲ့ပါသည်။ ထို့ကြောင့် သခင်ယေရှုအားနှလုံးသားထဲခေါ်ဖိတ်လက်ခံပါက အသက်တာအသစ်ဆီသို့ ပြောင်းလဲသွားမည်ဟု ခွန်အားပေးလိုပါသည်။

ဖလားဆဲ