လမ်းပြပေးသောအရှင်

Share

လမ်းပြပေးသောအရှင်

13.5.2022(Friday)

သုတ္တံကျမ်း ၃:၅-၆“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူလိမ့်မည်”

ခရီးတစ်ခုသွားသည့်အခါတွင် လမ်းပြသူ၊ပို့ဆောင်ပေးသူရှိမှသာ လိုရာခရီးရောက်နိုင်မည်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်တော်တို့၏ဘဝခရီးတွင် လမ်းပြသူ၊ပို့ဆောင်ပေးသူမရှိသောကြောင့် အခက်ခဲများကြုံတွေ့ရချိန်မျိုးလည်းရှိပါသည်။

တစ်ခါက မိုက်ကယ်သည် သူ၏ဇနီး၊ လေယာဉ်မှူးနှင့်အတူ လေယာဉ်ငယ်လေးဖြင့် ဖလော်ရီဒါကို ထွက်လာခဲ့ကြပါသည်။သို့သော်သွားနေရင်းနဲ့ ရုတ်တရက် လေယာဉ်မှူးသည် သတိ‌လစ်သွားခဲ့ပါသည်။ ထို့အချိန်တွင် လေယာဉ်သည် အမြင့်ပေ ၉၀၀၀တွင်ရှိနေပါသည်။ သူလည်းဘာမှမလုပ်မကိုင်တတ် ကြောက်လန့်နေခဲ့ပါသည်။ ထို့နောက်သူသည် လေယာဉ်ထိန်းချုပ်စခန်းသို့ဆက်သွယ်ပြီး“ကျွန်တော်..ဘာမှမလုပ်တတ်ဘူး..လေယာဉ်ကမြေပြင်ကိုထိုးကျနေပြီး..ကူညီပါဦး”ဟု ပြောလိုက်ပါသည်။ ထိုနောက် လေယာဉ်ထိန်းချုပ်‌ရေးမှုး ရောဘတ်မောဂန်က “စိတ်မပူနဲ…လေယာဉ်စက်ခန်းထဲက မြေပုံကိုကြည့်..လေယာဉ်အတောင်ပံကိုဖြန့်ထား”ဟု တစ်ခုချင်းပြောပြပါသည်။ နောက်ဆုံးတော့ လေယာဉ်ထိန်းချုပ်ရေးမှူးရောဘတ်၏ အကြံပေး၊ထိန်းချုပ်၊ညွှန်ပြမှုတို့ကြောင့် မိုက်ကယ်နှင့်သူ၏ဇနီးသည် အောင်မြင်စွာဖြင့် လေယာဉ်သည် မြေပြင်သို့ဆင်းသက်နိုင်ခဲ့ပါသည်။ ထိုအတူဘဲ ကျွန်တော်တို့ဘဝခရီးတွင် အကူအညီမဲ့၊လမ်းပြသူမဲ့ချိန်များလည်းရှိမည်ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင်ထံမျှော်ကြည့်လိုက်ပါ။ သူက သင်၏ဘဝခရီးကို လမ်းပြပို့ဆောင်ပေးမည်ဖြစ်သည်။ စစ်မှန်သော လမ်းပြသောအရှင်ဖြစ်သော ဘုရားသခင်ကိုကိုးစားမျှော်ကြည့်ပါက ဘယ်တော့မှ လမ်းပျောက်တော့မည်မဟုတ်ပေ။

ဖလားဆဲ