အနားယူပါ

Share

အနားယူပါ

9.5.2022(Monday)

ဆာလံကျမ်း ၁၂၇:၂“ငါ့ကိုမစတော်မူသောကြောင့်၊ငါသည် အိပ်ပျော်ခြင်းအခွင့်နှင့်နိုးခြင်းအခွင့်ရှိ၏”

လူ၏ဖွဲ့စည်းဖြစ်တည်နေသော ရုပ်ဝါဒသဘောတရားအရ အလုပ်လုပ်ချိန်၊အနားယူချိန်ဟူ၍ ရှိပါသည်။ ကိုယ်ခန္ဓာ၏ ခံနိုင်ရည်အားသည် သတ်မှတ်ထားသော စံနှုန်းသို့ကျော်လွန်သွားပါက ပြိုလဲသွားမည်ဖြစ်သည်။

လုံလောက်သောအနားယူချိန်ရှိမှသာ ခွန်အားဖြင့်ပြည့်နေမည်ဖြစ်သည်။ လောကထဲရှင်သန်ရသောအခါတွင် တစ်ခါတစ်ရံ လူကော၊စိတ်ကော ပင်ပန်းသောအချိန်များဖြတ်သန်းကြရပါသည်။တစ်ခါက ကမ္ဘာပေါ်တွင် ပထမဦးဆုံး မအိပ်စက်ရသောပြိုင်ပွဲကို ၁၉၅၉ခုနှစ်တွင်ကျင်းပပါသည်။ဆုကြေးကတော့ ပေါင်တစ်သန်းဖြစ်ပါ၏။ အသက် ၃၂အရွယ် Trippဆိုသူသည် ရှစ်ရက်အထိ အိပ်မပျော်အောင်ကြိုးစားနိုင်ခဲ့ပါသည်။ ထိုရှစ်ရက်တာကာလအတွင်း စိတ်များကယောက်ဂယက်ဖြစ်ကာ၊မှတ်ဉာဏ်ချွတ်ယွင်းခြင်းဖြစ်စဥ်များဖြစ်လာခဲ့ပါသည်။ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သော်လည်း အလုပ်လည်းပြုတ်၊အိမ်ထောင်လည်းကွဲခဲ့ရပါသည်။ နောက်ဆုံးတွင် ထိုပြိုင်ပွဲကိုဖျက်သိမ်းခဲ့ပါသည်။လုံလောက်အနားယူချိန်သည် အင်မတန်မှလိုအပ်သောအရာဖြစ်ပါသည်။ သခင်ယေရှုနှင့်တပည့်တော်များသည် ကမ်းတစ်ဖက်သို့ကူးစဉ်တွင် လေကြီးမုန်တိုင်းများရုတ်တရက်ဖြစ်လာခဲ့ပါသည်။ထိုအချိန်တွင် သခင်ယေရှုသည် လှေ၏ပဲ့တွင် အိပ်စက်အနားယူခဲ့ပါသည်။ သခင်ယေရှုသည်လုံလောက်သောအနားယူချိန်ယူခဲ့သည့်ကို တွေ့ရမည်ဖြစ်သည်။ ‌ပရောဖတ်ကြီးဧလိယသည်လည်း သူ့ဘဝ၏အခက်ခဲဆုံးအချိန်တွင် ဘုရားသခင်က အနားယူစေခဲ့ပါသည်။ ထို့နောက်အမှုအသစ်ကို အပ်ခဲ့ပါသည်။ လုံလောက်‌ သောအနားယူချိန်ရှိမှသာ ခန္ဓာ၊စိတ်၊ဝိညာဉ်ရွှင်လန်းပြီး ကျန်းမာစွာဖြင့် ဘုရားသခင်စေခိုင်းသောအမှုတော်မြတ်ကို ထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လုံလောက်သောအနားယူချိန်ရှိဖို့ရန် ဘုရား‌ပေးသောအချိန်များကို တန်ဖိုးထားကြစို့။

ဖလားဆဲ