အမြတ်ဆုံးသောအရာ
30.4.2022(Saturday)
၁ကော ၁၃:၁၃“ယခုတွင် ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း”
ကမ္ဘာပေါ်တွင် အမြတ်ဆုံးသောအရာဟုပြောသည့်အခါတွင် တန်ဖိုးအကြီးဆုံး ရွှေ၊ငွေ၊ကျောက်သံ၊ပတ္တမြားဟု ထင်မှတ်စရာရှိပါသည်။ သို့သော်ရွှေ၊ငွေ၊ကျောက်၊သံ၊ပတ္တမြားသည် အချိန်၏ရွေလျားမှုအောက်တွင် တန်ဖိုးလည်းကျဆင်းသွားနိုင်ပါသည်။
ရွှေထက်မြတ်သောအရာသည်ရှိပါ၏။ ထိုအရာကတော့ ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသောအရာအဖြစ်တင်ကျန်ခဲ့မည့်အရာမှာ ကျွန်တော်တို့၏ သူတစ်ပါးအပေါ်ချစ်ခြင်းဖြစ်ပါသည်။ နောက်ဆုံးအချိန်ကိုဖြတ်သန်းရသောလူတစ်ယောက်၏ အလိုလားအတောင့်တဆုံးအရာမှာ ပိုင်ဆိုင်မှုစည်းစိမ်များမဟုတ်ပါ။ မိမိ၏အနားတွင် မိမိအားချစ်ခင်သောသူများ၏ဝန်းရံခြင်းကိုသာ လိုချင်သူများဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် နေရာအသီးသီး၌ ချစ်ခြင်းမေတ္တာကို လိုအပ်လို့နေပါသည်။ သင်နှင့်ကျွန်ုပ် အပေါ်၌သာ မူတည်ပါ၏။ သခင်ယေရှု၏ အမှုတော်ဆောင်ခြင်းကာလကိုကြည့်မိဆိုလျှင် ချစ်ခြင်းမေတ္တာလိုနေသူအတွက်ချစ်ခြင်းမေတ္တာကို ပေးခဲ့ပါသည်။ ယုံကြည်သူ ဘုရားသခင်၏သားသမီးများအနေဖြင့် ကမ္ဘာပေါ်တွင် အမြတ်ဆုံးသောအရာဖြစ်သော ချစ်ခြင်းမေတ္တာအားဖြင့် ကမ္ဘာကြီးကို အလှဆင်ကြပါစို့ဟု နှိုးဆော်ပါရစေ။
ဖလားဆဲ