သာသနာပြုသူ
ဝီလျံကယ်ရီ>>(အေဒီ ၁၇၆၁-၁၈၃၄)
29.4.2022(Friday)
ဖိလိပ္ပိ ၃:၁၃“ညီအစ်ကိုတို့၊ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ငါပြုသောအမှုတစ်ခုဟူမူကား၊နောက်ကျသောအရာတို့ကိုမမှတ်ဘဲ၊ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍”
ကယ်တင်ခြင်းသတင်းကောင်းကို ရေခြားမြေခြားသို့ သွားရောက်အမှုတော်ဆောင်သူများထဲတွင် ဝီလျံကယ်ရီသည် ထင်ရှားလှပါသည်။
သူ၏ဖခင်သည် ရက်ကန်းယက်သူဖြစ်ပြီးတဖက်မှာ ရွာကျောင်းအုပ်ဆရာအဖြစ်အမှုထမ်းခဲ့ပါသည်။ ကယ်ရီသည် အသက်(၁၆)နှစ်တွင် ဖိနပ်ချုပ်သည့်လုပ်ငန်းတွင်စတင်အလုပ်ဝင်ပြီး အသက်(၂၈)နှစ်ရောက်သည့်အခါတွင် ကျွမ်းကျင်အဆင့်သို့ရောက်ရှိလာခဲ့ပါသည်။ ကယ်ရီသည် မိသားစု၏စားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရပါသည်။ကယ်ရီသည် အသက်နှစ်ဆယ်မပြည့်မှီမှာပင် ဒိုရီသီနှင့်အိမ်ထောင်ကျခဲ့ပါသည်။တဖက်တွင်လည်း ကယ်ရီသည် သမ္မာကျမ်းစာလေ့လာခြင်းနှင့် အသင်းတော်၌ တရားဒေသနာဟောကြားသူဖြစ်လာခဲ့ပါသည်။ ကယ်ရီသည် သာသနာပြုလိုစိတ်ပြင်းပြသူဖြစ်ပါသည်။ ထို့နောက် ၁၇၉၃ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ဇနီးသည်နှင့်အတူ အိန္ဒိယနိုင်ငံရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်တွင်အိန္ဒိယနိုင်ငံတွင် အစေခံဖို့ဆိုသည်မှာ အင်မတန်မှခက်ခဲသောကာလဖြစ်ပါသည်။ လူမျိုးမတူ၊ဓလေ့မတူ၊ စကားမတူ၊အစားအစာ မတူသောကြောင့်ကယ်ရီတို့မိသားစုအတွက် ခက်ခဲလှပါသည်။ အခက်ခဲမည်မျှပင်ရှိစေကာမူ ကယ်ရီသည် ခရစ်တော်၏ကယ်တင်ခြင်းသတင်းကောင်းကို ဝေမျှနိုင်ခဲ့ပါသည်။ထို့အပြင် ကယ်ရီသည် ဓမ္မသစ်ကျမ်းနှင့် ကျမ်းစာစောင်အချို့ကို အိန္ဒိယဘာသာစကားဆီသို့ ဘာသာပြန်ပေးနိုင်ခဲ့ပါသည်။ လူပေါင်းမြောက်များစွာပြောင်းလဲ၍ အသင်းတော်များဖွဲ့စည်းနိုင်ခဲ့ပါသည်။ ကယ်ရီသည် ၁၈၃၄တွင် သေဆုံးသွားခဲ့ပါသည်။ သူမရှိတော့သော်ငြားလည်း အိန္ဒိယနိုင်ငံ၌ ယုံကြည်ခြင်းမျိုးစေ့ကို ချပေးနိုင်ခဲ့ပါသည်။
ဖလားဆဲ