မာတုရနှင်းဆီ
ပဲရ်ပက်တိုးဝါ(အေဒီ ၁၈၂-၂၀၃)
27.4.2022(Wednesday)
ဖိလိပ္ပိ ၁:၂၁“ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။သေလျှင်မူကား သာ၍အကျိုးရှိ၏”
ခရစ်တော်အတွက် အသက်ကိုစွန့်ကာ သစွာရှိခဲ့သော မာတုရနှင်းဆီ အမျိုးသမီးငယ်လေးတစ်ယောက်အကြောင်းကို ဖော်ပြလိုပါသည်။
သူမအမည်ကတော့ ပဲရ်ပက်တိုးဝါဟုခေါ်ပါသည်။ အေဒီ၂၀၂မှာ ခရစ်ယာန်ဘာသာ(သို့)ဂျူးဘာသာသို့မပြောင်းရဟု အမိန့်ထုတ်ပြန်ခဲ့ပါသည်။ထိုခေတ်၌အုပ်စိုးသော အင်ပါယာဘုရင်ကိုယ်တိုင်နတ်ဘုရားများကို ကိုးကွယ်သောကာလဖြစ်ပါသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းအခံရဆုံး နေရာမှာ မြောက်အာဖရိကရှိ ထင်ရှားသော ရောမမြို့ကာဇသဲခ်ျတွင်ဖြစ်ပါသည်။ ယုံကြည်သူခရစ်ယာန်များအတွင် အင်မတန်မှ ကြောက်ရွံ့ဖွယ်ရာ ကာလဖြစ်ပါသည်။ စစ်သည်တော်များသည် ယုံကြည်သူများအား အမျိုးမျိုးနှိပ်စက်နေချိန်ဖြစ်ပါသည်။ ယုံကြည်ခြင်းအတွက် အဖမ်းခံရသူများအထဲတွင် အမျိုးသမီးငယ်လေး ပဲရ်ပက်တိုးဝါးလည်းအပါအဝင်ဖြစ်ပါသည်။သူမတွင် သမီးငယ်လေးတစ်ယောက်ရှိပါ၏။ ဖခင်ကြီးက သူမ၏ယုံကြည်ခြင်းအတွက် သမီးငယ်လေးကိုငဲ့ပြီး စွန့်လွှတ်ရန်လာရောက်ပြောပါသည်။ သူမသည် မျက်ရည်များတသွင်သွင်ကျရင်းဖြင့် ဖခင်ကြီးအား ခရစ်တော်ကို သက်ဆုံးတိုင်ယုံကြည်လက်ခံပါမည်ဟုပြောပါသည်။ နောက်ဆုံးတွင် သူမသည် မာတုရအဖြစ် စစ်သည်များ၏ဓါးဖြင့် နှစ်ကြိမ်တိုင်တိုင်အထိုးခံရပြီး အသတ်ခံခဲ့ရပါသည်။ မာတုဖြစ်သော ပဲရ်ပက်တိုးဝါးသည် သက်ဆုံးတိုင်သစွာရှိသောသူဖြစ်ခဲ့ပါသည်။
ဖလားဆဲ