ခရစ်တော်အတွက်အသက်ပေးသူ
(ပိုလီကာရ်ပို(စ်) အေဒီ ၆၉-၁၅၅
26.4.2022(Tuesday)
ဖိလိပ္ပိ ၁:၂၁“ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။သေလျှင်မူကား သာ၍အကျိုးရှိ၏”
ခရစ်တော်အတွက် အသက်ပေးသူများထဲတွင် ပိုလီကာရ်ပို(စ်)သည် တစ်ယောက်အပါအဝင်ဖြစ်ပါသည်။ မည်မျှပင် ခက်ခဲကြမ်းတမ်းသောခရီးလမ်းသို့လျှောက်ရစေကာမူ သက်ဆုံးတိုင်သစွာရှိခဲ့ပါသည်။
သူသည် အာရှမိုင်းနားတစ်လျှောက်ရှိနတ်ကိုးကွယ်သူများကြားတွင် သာသနာပြုခဲ့ပြီး လူအများ၏မျက်မုန်းကျိုးခြင်းကိုခံခဲ့ရသူဖြစ်သည်။ထို့အပြင်သူသည် ခရစ်တော်၏သွန်သင်ချက်နှင့်ဆိုင်သောစာပေများစွာ ရေးသားခဲ့သူဖြစ်သည်။အေဒီ ၁၅၅တွင် ခရစ်တော်ကို ဆန့်ကျင့်သူတို့သည် ယုံကြည်သူများအားညှဉ်းပန်းနှိပ်စက်ခြင်းများစတင်လာခဲ့ပါသည်။ ထိုသို့သောအခြေအနေမျိုးဖြင့် ကြုံလာသောအခါ သူ၏သူငယ်ချင်းအချို့၏တောင်းပန်မှုကြောင့် သူသည် လယ်ယာများရှိ မြက်ခြောက်သောနေရာတစ်ခုတွင်သွားရောက်ပုန်းရှောင်ခဲ့ပါသည်။ထို့နောက် လာရောက်ဖမ်းဆီးသူများသည် ကျွန်တစ်ယောက်ကို ညှဉ်းပန်းသောအခါသူသည် ထွက်ပြေးရန်အချိန်ရသော်လည်း ထွက်မပြေးဘဲ အဖမ်းခံလိုက်ပါသည်။ လာရောက်ဖမ်းဆီးသူများသည် သူအားလေးစားသောကြောင့် သခင်ဆီဇာအားပူဇော်ပသမည်ဆိုပါက လွတ်မြောက်ခွင့်ကို ရရှိမည်ဟုပြောပါသည်။ သူသည် လက်မခံဘဲ ငြင်းဆန်လိုက်ပါသည်။ နောက်ဆုံးမှာတော့ ဘုရင်ခံနယ်စားက သူအားအရှင်လတ်လတ်မီးရှို့ရန် စစ်သည်များအားစေခိုင်းလိုက်ပါသည်။ထို့နောက် ပိုလီကာရ်ပို(စ်)သည် နောက်ဆုံးဆုတောင်းပြီးနောက် သူအားမီးရှို့သတ်ခဲ့ကြပါသည်။ ခရစ်တော်အတွက် အသက်ကိုပေး၍ သာဓုသစွာရှိသောငယ်သားကောင်းဖြစ်ခဲ့ပါသည်။
ဖလားဆဲ
Reference>>သောမတ်(စ်)Limbu
(သူရဲကောင်းများ၏အတ္ထုပတ္တိ)