စိတ်နှလုံးအကြွင်းမဲ့သွန်းလောင်းပါ

Share

စိတ်နှလုံးအကြွင်းမဲ့ သွန်းလောင်းပါ

25.4.2022(Monday)

ဆာလံကျမ်း ၁၂:၈“အို…လူများတို့၊ ဘုရားသခင်၌အစဉ်မပြတ်ခိုလှုံကြလော့။ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏”

အလိုအပ်ဆုံးအချိန်တွင် ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမမှုလိုပါသည်။ အထူးသဖြင့် မိမိယုံကြည်ရသောသူ၊စိတ်ချသောသူ၊ လုံခြုံမှုပေးနိုင်သောသူများထံသို့ အခက်ခဲများကို ဖွင့်ဟဖို့ဖြစ်ပါသည်။

မှန်ကန်သောနည်းလမ်းရှိသလိုမှားယွင်းသောနည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းများရှိပါသည်။ ပူဆွေးဝမ်းနည်း၍၊ပြဿနာပေါင်းများစွာဖြင့် ကြုံတွေ့ရသောအခါတွင် အရက်၊ဘီယာ၊ဆေးလိပ်၊မူးယဇ်ဆေးဝါးတို့ဖြင့် ဖြေရှင်းပါက ဘယ်တော့မှပြေလည်မည်မဟုတ်ပေ။ နှုတ်ကပတ်တော်သမ္မာကျမ်းစာထဲ မိမိ၏စိတ်နှလုံးကို ဘုရားသခင်ထံအလုံးစုံ သွန်းလောင်းသော အမျိုးသမီးတစ်ယောက်အကြောင်းအားဖြင့် ခွန်အားပေးလိုပါသည်။ သူမအမည်ကတော့“ဟန္န”ဖြစ်ပါသည်။ သူမသည် ကလေးမရသောကြောင့် ပတ်ဝန်းကျင်၏ဝေဖန်ပြစ်တင်မှုကို ခံစားခဲ့ရပါသည်။ဓမ္မရာဇဝင်(ပ)၁:၉-၁၀တွင် ဟာန္နသည် သားလိုချင်သောကြောင့် ဘုရားသခင်ထံဒူးထောက်ဆုတောင်းခဲ့ပါသည်။ ယဇ်ပရောဟိတ်ဧလိက အစပထမတွင် သူမအားစပျစ်ရည်ယဇ်မှူးနေသည်ဟု ထင်ပါသည်။ အမှန်တကယ်တော့ သူမသည် ဘုရားသခင်ထံ စိတ်နှလုံးအကြွင်းမဲ့တောင်းလျှောက်ဆုတောင်းခြင်းဖြစ်ပါသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူမအားသားတစ်ယောက်ကို ပေးသနားခဲ့ပါသည်။ ထိုသားကတော့ ဘုရားသခင်ကြီးမားစွာ အသုံးပြုခြင်းခံရသော “ရှမွေလ”ဖြစ်ပါသည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့ကြုံတွေ့ရသောဘဝပြဿနာတိုင်းအတွက် အဖြေရှိပါသည်။ ထိုအဖြေကတော့“ဘုရားသခင်ထံစိတ်နှလုံးကိုအကြွင်းမဲ့သွန်းလောင်း”ဖြစ်ပါသည်။ ထို့ကြောင့် စိတ်နှလုံးအကြွင်းမဲ့ ဘုရားသခင်ထံ ချည်းကပ်ကြရအောင်။

ဖလားဆဲ