ဘုရားပေးသော ခံနိုင်ရည်ခွန်အား

Share

ဘုရားပေးသောခံနိုင်ရည်ခွန်အား

21.4.2022(Thursday)

ဖိလိပ္ပိ ၄:၁၃“ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်၏”

လူရယ်ဟူ၍ဖြစ်လာသည်နှင့် လူ၏ခန္ဓာသည် သတ်မှတ်ထားသော ခံနိုင်ရည်အထိသာခံနိုင်ရည်ရှိပါ၏။ လုံလောက်သော အစာအဟာရကို မရရှိပါက ရေရှည်အင်အားချိနဲ့ပြီး ခံနိုင်ရည်ရှိတော့မည်မဟုတ်ပေ။

ဥပမာအားဖြင့်-ဘယ်ထရီ၊ ဖုန်း၊ ကင်မရာ၊ နာရီ၊ ပါဝါဘန့်များသည် သတ်မှတ်ထားသော အချိန်နာရီအထိသာ ခံနိုင်ရည်ရှိပါ၏။ထိုအတူပဲ လူတစ်ယောက်၏နေ့စဉ်ဘဝတွင် ခံနိုင်ရည်ခွန်အားရှိဖို့လိုပါသည်။ ခံနိုင်ရည်ခွန်အား ပြည့်ဝမှသာ အခက်အခဲများကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ စာရေးသူ၏ဘဝအသက်တာတွင်လည်း တစ်ခါတစ်ရံဘဝတွင် ကျော်ဖြတ်ဖို့ရန်ခက်ခဲလှသော အခြေအနေများတွင် ဖြတ်ကျော်လာနိုင်ပြီးနောက် မိမိကိုယ်ကို အံ့ဩမိပါသည်။ နောက်ဆုံးတော့ သိလိုက်သည်မှာဘုရားသခင်သည် သူချစ်သောသားသမီးများအတွက် အစဉ်အမြဲခံနိုင်ရည် ခွန်အားပေးသော ဘုရားဖြစ်သည်ကို သာ၍တိုး၍ သိရှိလာခဲ့ပါသည်။ ခရီးမုန်တိုင်းကြမ်းတမ်းသော အချိန်မျိုးတွင် ကျွန်တော်တို့သည် ဘုရားပေးသောခံနိုင်ရည်ခွန်အားဖြင့်သာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ဘုရားပေးသောခံနိုင်ရည်ခွန်အားရရှိဖို့ရန် ဘုရားသခင်နှင့်တိုး၍ မိတ်သဟာရဖွဲ့ခြင်း၊ ဆုတောင်းခြင်းများအားဖြင့် အရာခပ်သိမ်းကို ကျော်ဖြတ်ကြရအောင်။

ဖလားဆဲ