နာခံခြင်းဖြင့်

Share

နာခံခြင်းဖြင့်

20.4.2022(Wednesday)

၁ရာ ၁၅:၂၂“အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏”

နာခံခြင်းဟူသော စကားလုံးလေးသည် ကျွန်တော်တို့နှင့်ရင်းနှီးကျွမ်းဝင်သော စကားလုံးလေးဖြစ်ပါ၏။ နာခံခြင်းဟူသည်မှာလည်း အပြောလွယ်သော်ငြားလည်း တစ်ခါတစ်ရံ လိုက်လျှောက်ဖို့ရန်ခက်ခဲလှပါသည်။

သမ္မာကျမ်းစာထဲ ဘုရားသခင်၏စကားကို နာခံခြင်းဖြင့်လိုက်လျှောက်သူများစွာရှိပါ၏။ အရင်ဦးဆုံး အာဗြံဟံအားဖြင့် လူမျိုးအစဉ်အဆက်ကောင်းကြီးမင်္ဂလာခံစားခဲ့ရပါသည်။ သူ၏တစ်ပါးတည်းသော သားလေးဖြစ်သော က္ကဇတ်ကို ပူဇော်ရန် ဘုရားသခင်စမ်းသပ်သောအခါ နာခံခြင်းဖြင့် အလိုတော်ကို ဝန်ခံခဲ့ပါသည်။ ဒုတိယအနေဖြင့် နာခံခြင်းအပြည့်ရှိသော အမျိုးသမီးနှစ်ဦးကိုဖော်ပြလိုပါ၏။ ထွက်မြောက်ရာကျမ်း ၁:၁၅-၂၁ကို ဖတ်ကြည့်ပါက ဝမ်းဆွဲမနှစ်ယောက်ဖြစ်သော ရှိဖရနှင့်ပုအာတို့သည် အဲဂုတ္တုရှင်ဘုရင်၏ အစေခံများဖြစ်သည်။ ရှင်ဘုရင်က “ယောကျာ်းဖြစ်လျှင်၊သေစေ”၊“မိန်းမဖြစ်လျှင် ရှင်စေ”ဟု အမိန့်ပေးထားပါသည်။ သို့သော်သူတို့နှစ်ယောက်သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် အိမ်သူအိမ်သားများနှင့် ကလေးများကို ကောင်းစွာပြူစု၍ မွေးဖွားပေးခဲ့ပါသည်။ ရှိဖရနှင့်ပုအာတို၏ဘုရားစကားနာခံခြင်းများကြောင့် က္ကသရေလူမျိုးများကို အဲဂုတ္တုပြည်၌ပွားများစေခဲ့ပါသည်။ ကျွန်တော်တို့၏ ဘဝခရီးလျှောက်လှမ်းမှုတွင်လည်းတစ်ခါတစ်ရံ ဘုရားသခင်၏စကားကို နာခံဖို့ရန် မိမိ၏အလိုဆန္ဒများက တားဆီးနေတတ်ပါသည်။ သို့သော် ဘုရားသခင်၏စကား‌တော်ကို ယုံကြည်စွာဖြင့် နာခံပါက အံဩဘွယ်ရာ ဘုရားသခင်ပြုပေး‌ သောအမှုများကို မြင်တွေ့လာပါလိမ့်မည်။

ဖလားဆဲ