လူငယ်ဟူသည်

Share

လူငယ်ဟူသည်

19.4.2022(Tuesday)

၁တိ ၄:၁၂” သင်၏အသက်အရွယ် နုပျိုသည်ကို အဘယ်သူမျှမထီမဲ့မြင်မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစွာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကိုပြလော့”

လူ့ဘောင်အဖွဲ့အစည်းတွင် လူအများက လူ့ဘဝကို ပထမအရွယ်၊ဒုတိယအရွယ်၊တတိယအရွယ်ဟူ၍ သတ်မှတ်ကြပါသည်။ပထမအရွယ်က ကလေးဘဝပေါ့။ဒုတိယအရွယ်က လူငယ်၊တတိယအရွယ်က လူကြီးဟူ၍ဖြစ်သည်။

အသက်အရွယ်အပိုင်းအခြားကာလတွင် လူငယ်အရွယ်သည် အဖျက်လတ်ဆုံး၊အနုပျိုဆုံး၊ အလှပဆုံး၊ အတတ်ကြွဆုံးအချိန်ဖြစ်ပါ၏။ မှန်ကန်သောနည်းလမ်း၊မှန်ကန်သောလမ်းကြောင်း၌ရှိမှသာ တန်ဖိုးရှိသောလူငယ်ဖြစ်လာပေမည်။ အချို့က ကလေးဘဝတွင် လိမ်မာသော်လည်း လူငယ်ဘဝသို့ရောက်သည့်အခါ ပျက်စီးသွားသောအဖြစ်အပျက်မျိုးမြောက်များစွာရှိပါ၏။လုကာ ၁၅:၁၁-၃၂ကို ဖတ်ကြည့်မည်ဆိုပါက ပျောက်သောသားဥပမာကို တွေ့ရမည်ဖြစ်သည်။ လူငယ်အရွယ်ဖြစ်သော သားငယ်လေးသည် အမွေဥစွာများရရှိသည့်အခါတွင် စုံစမ်းခြင်းနောက်ပါသွားပြီး ပျက်စီးခဲ့ရပါသည်။ နောက်ဆုံးတွင် နောင်တများရင်ဝယ်ပိုက်ကာ ဖခင်ဆီပြန်လာခဲ့ရပါသည်။ အနာဂတ်သည် လူငယ်များ၏လက်ထဲတွင်သာ ရှိပါ၏။ တန်ဖိုးရှိသောလူငယ်၊ လူအများအားကိုးအားထားပြုရသောလူငယ်များကို ကမ္ဘာကြီးက တောင့်တလို့နေပါ၏။လူငယ်များသည် ဘုရားသခင်အားကိုးစားခြင်း၊မိမိဆုကျေးဇူးကိုသိရှိခြင်းနှင့်အတူ ပုံသက်သေကောင်းဖြင့် မိမိရှိရာဂဏ္ဍတွင် အကောင်းဆုံးလုပ်ဆောင်ခြင်းဖြင့် တန်ဖိုးရှိသောလူငယ်များဖြစ်လာမည်ဖြစ်သည်။

ဖလားဆဲ