သခင်နှစ်ဦး၏အစေကိုမခံနှင့်
13.4.2022(Wednesday)
လုကာ ၁၆:၁၃“အဘယ်သူမျှသခင်နှစ်ဦးအစေကိုမခံနိုင်။သခင်တဦးကိုမုန်း၍တဦးကိုချစ်မည်။သခင်တဦးကိုမှီခို၍တဦးကိုမခန့်မညားပြုမည်။သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ”
ရှင်သန်နေထိုင်ရာ ကမ္ဘာကြီးထဲတွင် နေ့ရက်စဉ်တိုင်း ရွေးချယ်စရာများဖြင့် ရင်ဆိုင်ကြရပါသည်။ လောကနိယာမအရအကောင်းနဲ့အဆိုးဟူသော အရာသည် အမြဲတမ်းဒွန်တွဲလို့နေပါသည်။
သမ္မာကျမ်းစာထဲမှလည်း သတိပေးထားပါသည်။ သခင်နှစ်ဦး၏အစေကိုမခံနှင့်ဟူ၍ဖြစ်သည်။ စာရေးသူနှင့်သိသောဆရာတစ်ယောက်သည်သူအသိနှင့်အတူ တနေ့သောအခါ ယုံကြည်သူအိမ်တစ်အိမ်၌ ဖိတ်၍ သွားရောက်မိတ်သဟာရဖွဲ့ခွင့်ရခဲ့ပါသည်။ ယုံကြည်သူများပင်ဖြစ်လင့်ကစားလောင်းကစားဒိုင်ဖွင့်ကာ ကြွယ်ဝလာသောသူများဖြစ်ပါ၏။ ဆရာသည် သူတို့၏ဆုတောင်းချက်များတင်သောအခါ ဆုမတောင်းပေးတော့ဘဲ အသိသူငယ်ချင်းကိုသာ ဆုတောင်းခိုင်းလိုက်ပါသည်။ မှန်ကန်သောလမ်းမှလာသောဘုရားကောင်းကြီးရှိသလို မှားယွင်းသောလမ်းမှလာသောစာတန်ကောင်းကြီးလည်းရှိပါ၏။ စာတန်သည် သူ၏နောက်သို့လိုက်သောသူအတွက်စည်းစိမ်းချမ်းသာကို ပေးနိုင်ပါသည်။ အချို့ကတော့ ပိုနေမြဲကျားနေမြဲ ဆိုရိုးစကားလိုဖြစ်ပါ၏။ ယုံကြည်သူဖြစ်လင့်ကစား လောင်းကစားအားဖြင့် စာတန်၏ချည်နှောင်ခြင်းကို ခံကြရပါသည်။ ထို့ကြောင့် “သခင်နှစ်ဦး၏အစေကိုမခံနှင့်”ဟူသောသတိပေးစကားအားဖြင့် စာတန်၏ချည်နှောင်ခြင်းများကို ချိုးဖြတ်ကြပါစို့ဟု နှိုးဆော်ပါရစေ။
ဖလားဆဲ