မုသာစကားကို မပြောစေနှင့်
12.4.2022(Tuesday)
ဆာလံကျမ်း ၃၄:၁၃“ကိုယ်လျှာကို မကောင်းသောအရာနှင့်ကင်းစေလော့။နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်”
မြန်မာဆိုရိုးစကားလေးတစ်ခုရှိပါ၏။ ထိုစကားကတော“မုသာမပါ၊ လင်္ကာမချော”ဟူ၍ဖြစ်သည်။ သို့သော်မုသာစကားကိုအစဉ်အမြဲသုံးနေပါက လမ်းမှားသို့ဦးတည်သွားမည်ဖြစ်သည်။
စကားဟူသည်မှာလည်း ခေါင်းအုံးထဲမှ ဂွမ်းများကဲ့သို့ ပေါက်ထွက်သွားပါက ပြန်ကောက်ယူဖို့ရန်မလွယ်ပေ။ သမ္မာကျမ်းစာထဲမှ က္ကသရေလလူမျိုးများသည်လည်း အခက်အခဲကြုံတိုင်းအစဉ်အမြဲ ညီးတွားကာ ဘုရားသခင်ထံအော်ဟစ်ကြပါသည်။ ထိုညီးတွားသံများက သူတို့ကို ဂတိတော်မြေသို့ဝင်စားဖို့ရန် နှစ်ပေါင်း(၄၀)အထိ ကြာညောင်းသွားခဲ့ရပါသည်။ ဥပမာလေးတစ်ခုအားဖြင့် ဝေငှလိုပါသည်။ တစ်ခါက မောင်ထူးဟုခေါ်သော လူငယ်လေးတစ်ယောက်သည် ရွာထဲတွင် လူတကာအားလိမ်လည်ကာ စနောက်သောသူဖြစ်ပါသတဲ့။ တနေ့တော့ ရေဒီယိုတွင်သူ၏ ရွာအားမုန်တိုင်းလာမည်ဟူသောစကားကို ကြားသိခဲ့ပါသည်။ထို့နောက် ရွာသို့ပြန်ကာ ရွာသားများလွတ်ရာသိုရွေ့ပြောင်းကြရန်လိုက်လံပြောပါသည်။ သူ၏စကားအားမည်သူမှမယုံသောကြောင့် ရွာထဲတွင်သာနေကြပါသည်။ သို့သော် ညအခါရောက်သောအခါ မုန်တိုင်းတိုက်၍တစ်ရွာလုံးပျက်စီး၍ ရွာသားများလည်းသေကြရပါသည်။ မုသာစကား၊လိမ်လည်သောသူ၏စကားသည် ဘယ်သောအခါမှ လူအများ၏အသိအမှတ်ပြုမှုကို ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် လူငယ်များအနေဖြင့် အများအတွက်တည်ဆောက်စရာဖြစ်စေသောစကားများကိုပြောဆိုခြင်းဖြင့် လျှောက်လှမ်းပါစို့ဟု နှိုးဆော်ပါရစေ။
ဖလားဆဲ