သင်၏ရန်သူကိုသတိရှိပါ
6.4.2022(Wednesday)
ဧဖတ်၆:၁၂“ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ကြရသည်မဟုတ်။အထွွဋ်အမြတ်တို့နှင့်လည်းကောင်း၊အာဏာစက်တို့နှင့်လည်းကောင်း၊လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏”
ယုံကြည်သူခရစ်ယာန်အသက်တာတွင် နေ့ရက်တိုင်းတွင် ဝိညာဉ်ရေးရာဆိုင်ပြိုင်တိုက်လှန်ခြင်းများကို ခံကြရပါသည်။ ခန္ဓာ၏စွဲလမ်းမှုများ၊စိတ်၏စွဲလမ်းမှုများ၊ မျက်စိ၏စွဲလမ်းမှုများက ကျွန်တော်တို့၏ အသက်တာကို နေ့ရက်တိုင်းသွေးဆောင်နေမြဲပင်ဖြစ်သည်။
စာတန်ဟူသော အမည်ကို သမ္မာကျမ်းစာထဲတွင်(၅၂)ကြိမ်ဖော်ပြထားပါသည်။ စာတန်၏အလုပ်ကတော့ ခိုးမယ်၊သတ်မယ်၊ဖျက်စီးမယ် စသဖြင့် အများကြီးရှိသည်။စာတန်သည် ယုံကြည်သူတိုင်းလဲကျဖို့၊ ပျက်စီးသွားဖို့ရန်နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ပျက်စီးခြင်းလမ်းမထက်သို့ပိုဆောင်ပေးသောအလုပ်ကို တစိုက်မက်မက်လုပ်ဆောင်သူဖြစ်သည်။ သခင်ယေရှုရက်(၄၀)အစာရှောင်ဆုတောင်းခြင်းတွင်လည်း စာတန်သည် စုံစမ်းခြင်း(၃)မျိုးဖြင့် သွေးဆောင်ပါသည်။ စမ်းသပ်မှုတိုင်းတွင် သခင်ယေရှုသည် အောင်မြင်ခဲ့ပါသည်။ဖျက်စီးသူစာတန်၏ စုံစမ်းခြင်းထဲ မပါသွားဖို့ရန်….
(၁)ဘုရားသခင်အလိုတော်လိုက်ခြင်းဖြင့်တွန်းလှန်ပါ
(၂)သန့်ရှင်းသော ဝိညာဉ်တော်ပြည့်ဝစေခြင်းဖြင့်တွန်းလှန်ပါ
(၃)အစာရှောင်ဆုတောင်းခြင်းဖြင့်တွန်းလှန်ပါ
(၄)ဝိညာဉ်လက်နက်စုံဖြင့် တွန်းလှန်ပါ
(၅)နှုတ်ကပတ်တော်ဖြင့် တွန်းလှန်ပါ
ဘုရားသခင်နှင့် အစဉ်အမြဲ မိတ်သဟာရဖွဲ့ခြင်း၊ ဆုတောင်းခြင်း၊ ဆက်ကပ်ခြင်းများဖြင့်သာ ရန်သူစာတန်ကို အောင်နိုင်မည်ဖြစ်သည်။
ဖလားဆဲ