အသက်တာအသစ်

Share

အသက်တာအသစ်

5.4.2022(Tuesday)

၂ကော ၅:၁၇“လူမည်သည်ကား၊ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီး”

ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် တစ်ခါတစ်ရံ မထင်မှတ်သော လူပုဂ္ဂိုလ်များကို ဘုရားသခင်အသုံးပြုသောအခါ အင်မတန်မှ အံဩကြရပါသည်။ အသက်တာအဟောင်းများသည် ခရစ်တော်အားဖြင့် အသစ်သောအသက်တာသို့ပြောင်းလဲသွားမည်ဖြစ်သည်။

ခရစ်တော်အားဖြင့် အသက်တာပြောင်းလဲပြီး ဧဝံဂေလိတရားတော်ကို စွမ်းစွမ်းတမံဟောပြောကာ လုပ်ဆောင်ခဲ့သောသူတစ်ယောက်အကြောင်းကို ဖော်ပြလိုပါ၏။သူကတော့ အိန္ဒိယလူမျိုး ဆာဒူးဆန်ဒါဆင်ဖြစ်ပါသည်။ ဆစ်ခ်အနွယ်ဝင်မိသားစုကနေဆင်းသက်လာပြီး ငယ်စဉ်အခါ ဆစ်ခ်ဘာသာဝင်တို့၏ သွန်သင်ချက်များဖြင့် ကြီးပြင်းလာခဲ့ပါသည်။ လူငယ်ဘဝတွင် စစ်မှန်သောဘုရားသခင်အဘယ်မှာရှိသနည်းဟု မေးခွန်းများစွာ ရှာဖွေခဲ့ပါသည်။ အဖြေရှာမရတော့သည့်အဆုံး ရထားလမ်း၌ အကြိတ်ခံ၍ မိမိကိုယ်ကို အဆုံးစီရင်ရန် ဆုံးဖြတ်လိုက်ပါသည်။သို့သော် ထိုညမှာပင် ခရစ်တော်၏အသံတော်ကိုကြားရပြီး၊ ဘဝ၏စိတ်ချလုံခြုံမှုကို ရရှိကာ ခရစ်တော်ကိုနှလုံးသားထဲ ခေါ်ဖိတ်လက်ခံခဲ့ပါသည်။ မိဘများ၊ဆွေးမျိုးများ၏စွန့်ပစ်မှု၊ အကိုများ၏ အဆိပ်ခတ်အသေသတ်ခြင်းကို ခံရသော်လည်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သေဘေးမှလွတ်မြောက်ခဲ့ပါသည်။နောက်ပိုင်း ဆာဒူးတစ်ဦးလိုဝတ်ဆင်ပြီး၊‌ နေရာအနှံ့ခရစ်တော်အကြောင်းကို ဝေငှဟောပြောခဲ့ပါသည်။ ခရစ်တော်အားဖြင့် လူသစ်ဖြစ်လာပြီး အခြားသူများအားလည်း ပြန်လည်ဝေငှသော အတုယူစရာအသက်တာဖြစ်လာခဲ့ပါသည်။

ဖလားဆဲ