ဖိအား၏အကျိုး
3.4.2022(Sunday)
ယောရှူ ၁:၉ ” သင့်ကို ငါမှာထားသည်မဟုတ်လော။ မကြောက်နှင်။ စိတ်မပျက်နှင့်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏”
ကျွန်တော်တို့၏ ဘဝအသက်တာတွင် တစ်ခါတစ်ရံဖိအားပေးခြင်းကို ခံရသောအခါမျိုးရှိမည်ဖြစ်သည်။ ငယ်စဉ်အခါက တစ်နှစ်တစ်တန်းအောင်မြင်ဖို့ရန် စာကိုဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအထိဖတ်ဖို့ရန် မိဘများက ဖိအားပေးကြပါသည်။ ဖိအားပေးခြင်း၏ရည်ရွယ်ချက်ကတော့ စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်မြင်ဖို့ရန်ဖြစ်သည်။ခရစ်ယာန်စာပေရေးသားသူဆရာကြီး ဝပ်ခ်ျမန်နီးကတော့ ဖိအားလေးမျိုးရှိသည်ဟုပြောခဲ့ပါသည်။ထိုလေးမျိုးကတော့ (၁)အားနည်းချက်၏ဖိအား
(၂)လိုအပ်ချက်၏ဖိအား
(၃)တာဝန်၏ဖိအား
(၄)အခက်ခဲ၏ဖိအား တို့ဖြစ်ပါသည်။
ဖိအားများကတော့ ဘက်ပေါင်းစုံမှ ကျွန်တော်တို့၏ဘဝအသက်တာသို့ ရောက်ရှိလာနိုင်ပါသည်။ ဖိအားပေးခြင်းအားဖြင့် ယောသပ်၏အသက်တာသည် သာ၍ကြီးမြတ်သောသူတစ်ယောက်အဖြစ်သို့ရောက်ရှိခဲ့ပါသည်။ အရွယ်နှင့်မလိုက်အောင် အကိုများ၏ရောင်းစားခြင်း၊ပေါတိဖာမိန်းမ၏ဖြားယောင်းခြင်း၊ ထောင်၌အကျဉ်းချခံရခြင်း၊အခက်ခဲဖိအားပေါင်းစုံကို ကြုံတွေ့ခဲ့ရပါသည်။ သို့သော်ထိုဖိအားက သူအားပိုမိုရင့်ကျက်စေ၍ ဘုရားသခင်၏ချီးမြောက်ခြင်းကို ခံခဲ့ရပါသည်။ ထို့ကြောင့်ဖိအားများဖြင့် ရင်ဆိုင်ရသောအခါဝယ် စိတ်မပျက်အားမလျော့ဘဲ ကိုယ်တော်နှင့်အတူလျှောက်လှမ်းကြရအောင်ဟု အားပေးပါရစေ။
ဖလားဆဲ