စစ်မှန်သော လွတ်လပ်ခြင်း

Share

စစ်မှန်သောလွတ်လပ်ခြင်း

1.4.2022(Friday)

ယောဟန် ၈:၃၂“သမ္မာတရားကိုလည်း သိကြသဖြင့်၊ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်”

ယနေ့လူသားတိုင်းတောင့်တသောအရာသည် ပျှော်ရွှင်ခြင်းနှင့်လွတ်လပ်ခြင်းဖြစ်ပါသည်။ သို့သော်လွတ်လပ်ခြင်းသည် ပျက်စီးခြင်းလမ်းသို့ဦးတည်သွားပါက စိုးရိမ်စရာဖြစ်ပါ၏။

သမိုင်းပညာရှင်ကြီး လော့ဒ်အက်တန်က“စစ်မှန်သောလွတ်လပ်ခြင်းဆိုတာ လူတစ်ယောက်လုပ်ချင်တိုင်းလုပ်ဖို့မဟုတ်ဘူး။ လူတစ်ယောက်အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ခြင်းဖြစ်တယ်”ဟုပြောခဲ့ပါသည်။ လွတ်လပ်ခြင်းသည် နည်းမှန်လမ်းမှန်မဟုတ်ပါက မှားယွင်းသောလွတ်လပ်ခြင်းဖြစ်ပေသည်။ သမ္မာကျမ်းစာထဲမှ ပျောက်သောသားဥပမာကိုကြည့်ခြင်းအားဖြင့် သိမည်ဖြစ်သည်။ ‌သားငယ်သည် အစပထမ ဖခင်၏အုပ်ထိန်းမှုအောက်၌ရှိစဉ်တွင် ကျဉ်းကျပ်မှုကိုခံစားရသဖြင့် အ‌မွေဥစွာရပိုင်ခွင့်များကိုတောင်းကာ အခြားသောပြည်သို့သွားကာ သုံးဖြုန်းပျော်ပါးပါတော့သည်။ တနေ့တော့ ပိုက်ဆံများကုန်သွားကာ တပါးသူလက်အောက်၌ အလုပ်လုပ်ခဲ့ရပါသည်။ နောက်ဆုံးတွင် ဝက်စာကိုစားလုမတတ်ဆာလောင်သောအခါ နောင်တကြီးစွာရပြီး ဖခင်ထံပြန်လာကာ စစ်မှန်သောလွတ်လပ်ခြင်းကို နားလည်သွားခဲ့ပါသည်။ ထိုနည်းတူစွာပင် ယုံကြည်သူတစ်ဦးအနေဖြင့်စစ်မှန်သောလွတ်လပ်ခြင်းကဲ့သို့ ဘုရားသခင်၏အုပ်ထိန်းခြင်းတည်းဟူသော သမ္မာတရား၌ လျှောက်လှမ်းဖို့ဖြစ်သည်။ ဘုရားသခင်၏အုပ်စိုးခြင်းကိုခံ‌ယူမှသာ စစ်မှန်သောလွတ်လပ်ခြင်း၏အနှစ်သာရကိုရရှိမည်ဖြစ်သည်။

ဖလားဆဲ