စွဲလမ်းရမည့်အရာ
31.3.2022(Thursday)
ကောလောဿဲ ၃:၂“မြေကြီးပေါ်၌ရှိသောအရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့”
ယနေ့တွင် လောက၏ဆွဲဆောင်မှုများသည် တစ်နေ့ထက်တစ်နေ့ များလို့လာနေသည်ကို တွေ့ရမည်ဖြစ်သည်။ စွဲလမ်းရမည့်အရာများကလည်း ဘက်ပေါင်းစုံက ဆွဲဆောင်လို့နေပါသည်။
တစ်ခါက ဂျူးသူဌေးကြီးတစ်ယောက်ရှိပါ၏။ မြောက်များစွာသော ဈေးဆိုင်များကိုပိုင်ဆိုင်သူဖြစ်ပါသတဲ့။ တစ်နေ့တွင် ကျန်းမာရေးအခြေအနေဆိုးရွားလာ၍ သေလုမျောပါးအိပ်ယာထဲ လှဲနေရပါတော့သည်။ သူက“ငါဘေးမှာ ဘယ်သူရှိလဲ”ဟုမေးပါသည်။ ထိုအခါသူ့မိန်းမက “ငါရှိပါတယ်”ဟု ဖြေလိုက်ပါသည်။ သူ၏ခင်ပွန်းက ဆက်ပြီး“သမီးလေးကော”ဟုမေးတော့ ဇနီးက“သူလည်းငါနဲ့အတူနင့်ကို စောင့်ပေးနေတယ်”ဟုဖြေလိုက်သည်။ဒီအခါမှာ သူဌေးကြီးက သေလုမျောပါးဖြစ်နေမှ ကုန်းရုန်းထပြီး“ဒါဆို…ငါ့ဈေးဆိုင်ကို နင်တို့ဒီအတိုင်းပစ်ထားတာလား..အကုန်ပျောက်ကုန်တော့မှာပဲ”ဟု အော်ပြီးသတိလစ်ကာ အသက်ပါသွားလေတော့သည်။ အင်မတန်မှ သနားဖို့ကောင်းသောသူဌေးဟု ကောက်ချက်ချနိုင်ပါသည်။ နောက်ဆုံးအချိန်ထိ သူ၏ပိုင်ဆိုင်မှုကိုစွဲလမ်းသွားခဲ့ပါသည်။နှုတ်ကပတ်တော်သမ္မာကျမ်းစာကတော့ သတိပေးထားပါသည်။စည်းစိမ်၌ အသက်မတည်သောကြောင့် အထက်အရာတို့ကိုသာစွဲလမ်းဖို့ရန်ဖြစ်သည်။ ဘုရားသခင်အလိုတော်ရှိသောအသက်တာအဖြစ် အကောင်းဆုံးအသက်ရှင်၍ သမ္မာတရားနှင့်ဂတိတော်ကိုစွဲလမ်းကာ လျှောက်လှမ်းကြဖို့ဖြစ်ပါသည်။
ဖလားဆဲ