ထာဝရအိမ်
27.3.2022(Sunday)
၂ကော ၅:၁” ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည် ပျက်လျှင် ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသောနိစွထာဝရအိမ်ရှိကြောင့်ကို ငါတို့သိကြ၏”
ကျွန်တော်တို့အားလုံးခရီးသွားဖူးကြမည်ဖြစ်သည်။ ဥပမာအနေဖြင့်-စာရေးသူကျမ်းစာကျောင်းတတ်စဉ်က ကျောင်းသူကျောင်းသားများ ခိုင်ဖေးအစီအစဉ်လုပ်ဆောင်ကြပါသည်။ စထွက်သည့်နေရာမှစ၍ ခရီးအဆုံးထိတိုင် အသင်းတော်တစ်ပါးပြီးတစ်ပါးသွားရောက်ဖျော်ဖြေရပါသည်။ ရောက်ရာနေရာတွင် ဧည့်သည်များပမာသာဖြစ်ပါသည်။
ထိုနည်းတူစွာပင် ကျွန်တော်တို့သည် လောကကြီးထဲမရောက်ခင်တွင် အရင်ဦးဆုံးမိခင်၏သားအိမ်တွင် နေရပါသည်။ မွေးဖွားလာသည့်အခါတွင် လောကအိမ်တွင် နေထိုင်ကြရပါသည်။ လူ့သက်တမ်းကုန်သွားချိန်မှာ တော့ လောကအိမ်၌ရှိသော ပိုင်ဆိုင်မှု၊စည်းစိမ်ဥစွာများကို ချန်ထားရစ်ကြရပါသည်။ သို့သော်ယုံကြည်သူသားသမီးများအတွက် ဘုရားသခင်ပြင်ဆင်ပေးသော ထာဝရအိမ်ရှိပါသည်။ သခင်ယေရှုကိုနှလုံးသားထဲ ခေါ်ဖိတ်၍ ယုံကြည်လက်ခံပါက တမလွန်အတွက် စိတ်ချမှုဧကန်အမှန်ရရှိမည်ဖြစ်သည်။ ကယ်တင်ခြင်းသည် ဘုရားသခင်၏ကျေးဇူးတော်သာဖြစ်ပါသည်။လောကကြီးထဲဧည့်သည်အဖြစ်ရှင်သန်ရချိန်ခဏတွင် ထိုသခင်ယေရှုကို ယုံကြည်လက်ခံခြင်းဖြင့် တမလွန်အတွက် စိတ်ချမှုကိုဧကန်အမှန်ရရှိပြီး ထာဝရအိမ်သို့ဝင်စားရမည်ဖြစ်သည်။
ဖလားဆဲ