ဆုံးရှုံးခြင်းထဲမှရုန်းထ

Share

ဆုံးရှုံးခြင်းထဲမှရုန်းထ

26.3.2022(Saturday)

မဿဲ ၁၁:၂၈-၂၉“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ငါသည် ချမ်းသာပေးမည်။ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ငါ့ထံ၌နည်းခံကြလော့။ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်”

ဆုံးရှုံးခြင်းဟူသောစကားလုံးလေးသည် ကျွန်တော်တို့နှင့် မစိမ်းသော စကားလုံးလေးတစ်လုံးဖြစ်ပါ၏။ ဆုံရှုံးခြင်းဟု ပြောသည့်အခါတွင် အရာဝတ္ထု၊စည်းစိမ်ဥစွာ၊ မိဘ၊ ညီအကိုမောင်နမစသဖြင့် အမျိုးမျိုးရှိပါသည်။ ဆုံးရှုံးခြင်းများကြောင့် ဘဝကို အရှုံးပေးသူများရှိသလို ပို၍သန်မာလာ၍ ရင့်ကျက်လာသောသူများလည်းရှိပါသည်။

ဆုံးရှုံးမှုများထဲတွင် မိမိ၏ချစ်ခင်ရသူတဦးဦးဆုံးရှုံးရသောအခါတွင် ပြန်လည်ရုန်းထနိုင်ဖို့ရန်အချိန်ယူရပါသည်။ တစ်ခါက အမျိုးသမီးတစ်‌‌ ယောက်ရှိပါ၏။ သူမသည် ဘုရားသခင်ကို ယုံကြည်ကိုးစားသောသူဖြစ်ပါသည်။ တနေ့တွင် သူ၏ခင်ပွန်းသည်ပင်လယ်ငါးဖမ်းခရီးထွက်ရပါ၏။ သူခရီးထွက်ချိန်တွင် မုန်တိုင်းလာမည်ဟူသောသတင်းကို ရေဒီယိုတွင်ကြေငြာ‌နေချိန်ဖြစ်ပါသည်။ သူမကတော့ ဘာမှမတတ်နိုင်တော့သည့်အဆုံးဘုရားသခင်ထံဆုတောင်းခဲ့ပါသည်။သို့သော်သူမမျှော်လင့်သလိုမဖြစ်လာဘဲ သူမ၏အမျိုးသားသည် လေမုန်တိုင်းမိကာ အသက်ဆုံးပါးသွားခဲ့ရပါသည်။ ထိုအချိန်မှစ၍ ဘုရားသခင်ကို စိတ်နာပြီး ဘုရားကျောင်းလည်းမတတ်တော့ပေ။ သို့သော် နှစ်ပေါင်း(၂၀)ကျော်လောက်ကြာပြီးမှ အလိုတော်ကို ဝန်ခံနိုင်ခဲ့ပါသည်။ ဆုံးရှုံးတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်၏အကြံအစည်ရှိပါ၏။အလိုတော်ဝန်ခံခြင်းဖြင့် ဘုရားသခင်ထံမှလာသော စိတ်နှလုံးသက်သာခြင်း၊ငြိမ်သက်ခြင်း၊မစခြင်း၊ နှစ်သိမ့်ခြင်းများကို ရရှိမည်ဖြစ်သည်။

ဖလားဆဲ