ကောင်းကြီးရေတွက်

Share

ကောင်းကြီးရေတွက်(Count your blessing)

25.3.2022(Friday)

ဆာလံကျမ်း ၁၃၆: ၁“ဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်အမြဲြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”

ဘုရားသခင်၏ကျေးဇူးတော်များသည် ကျွန်တော်တို့၏အသက်တာတွင် ဘယ်သောအခါမှ ရေတွက်လို့ကုန်နိုင်မည်မဟုတ်ပေ။ နေ့ရက်စဉ်တိုင်းခံစားရသောကောင်းကြီးမင်္ဂလာများသည် ကျေးဇူးတော်သက်သက်သာဖြစ်ပါ၏။ ကောင်းကြီးရေတွက်သီချင်းကို သီကုံးရေးစပ်သူမှာ သိက္ခာတော်ရဆရာ ဂျွန်ဆင်အုတ်မဲန်းဖြစ်ပါသည်။ငယ်ရွယ်စဉ်အခါက ကုန်သွယ်မှုစီးပွားရေးလုပ်ငန်းတွင်လုပ်ကိုင်ပြီး နောက်ပိုင်းတွင်နယူးဂျာစီ၌ရှိသောအာမခံကုမ္မဏီကြီးတစ်ခုတွင် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါသည်။ ဘုရားသခင်၏ရွေးကောက်ခြင်းအားဖြင့် အမှုတော်ဆောင်ဖြစ်လာပြီး ဓမ္မသီချင်းပေါင်းငါးထောင်ကျော်ရေးစပ်နိုင်ခဲ့ပါသည်။သူ၏ထင်ရှားသောအခြားဓမ္မသီချင်းတစ်ပုဒ်မှာ “ကောင်းကင်လမ်းသို့ ကြိုးစားတတ်မည်”သီချင်းဖြစ်ပါသည်။ “ကောင်းကြီးရေတွက်”သီချင်းသည် အုတ်မဲန်း၏အကောင်ဆုံးဓမ္မသီချင်းဟု သတ်မှတ်နိုင်ပါသည်။သူ၏သီချင်းစာသားလေးအားဖြင့်အဆုံးသတ်လိုပါ၏။

“ကောင်းကြီး တစ်ခုနောက်တစ်ခုရေတွက်

ပြုတော်မူသောကျေးဇူးတော်ရေတွက်

ကောင်းကြီးရေတွက် တစ်ခုနောက်တစ်ခု

ပြုတော်မူသော ကျေးဇူးတော်အံ့ဩလိမ့်မည်”

ဖလားဆဲ       Reference>>>>ဓမ္မသီချင်းများ၏ရာဇဝင်