ပုံသွင်းပေးသူ

Share

ပုံသွင်းပေးသူ

23.3.2022(Wednesday)

ရောမ ၉:၂၁“အိုးထိန်းသမားသည် အိုးမြေကို ပြိင်သည်မဟုတ်လော။အိုးမြေတပုံတည်းနှင့်အိုးမြတ်၊အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော”

အိုးမြေတစ်လုံးကိုလုပ်ဆောင်သည့်အခါတွင် အင်မတန်မှ အနုစိတ်စွာဖြင့် ကိုင်တွယ်ပုံသွင်းရပါ၏။ မညီညာသော အနားသတ်များကို ညီညာစွာ ပုံသွင်းပြုပြင်ပေးရပါသည်။ ပုံသွင်းပေးသူ၏စိတ်တိုင်းကျမှုရှိမှသာ လှပသော အိုးမြေလေးတစ်လုံးဖြစ်လာပါသည်။

ထိုနည်းတူစွာပင် ဘုရားသခင်သည် လူကို မြေမှုန့်မှ ပုံသွင်းဖန်ဆင်းပေးခဲ့ပါသည်။အင်မတန်မှလှပ၍ အနုသုခုမမြောက်သောလက်ရာဖြင့် လူကို ပုံသွင်းပြုပြင်ပေးပါသည်။ ထို့အပြင်လူကို သူ၏ပုံသဏ္ဍန်တော်နှင့်အညီဖန်ဆင်း၍ သူ၏ဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်သည်။သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ပုံသွင်းပြုပြင်မှုကို ခံယူသောသူများသည် ချီးမြောက်ခြင်းခံခဲ့ရပါသည်။ သို့သော် ထိုသူများသည် ဘုရားသခင်၏ပုံသွင်းပဲ့ပြင်မှုထဲတွင် တဆင့်ချင်းသာသွားရပါသည်။ နေ့ချင်းညချင်း တော့မဟုတ်ပါ။ ယောသပ်၊ယောဘ၊ရှင်ပေါလု၊ ရှင်ပေတရုတို့သည် ဘုရားသခင်၏ ပုံသွင်းပဲ့ပြင်ပေးမှုအထဲတွင် လျှောက်လှမ်းရင်း ရင့်ကျက်သောသူ၊ဘုရားဘုန်းတော်ထင်ရှားစေသောသူများဖြစ်လာခဲ့ပါသည်။စာရေးသူသည်လည်း လူငယ်ဘဝတွင် ဘဝ၏မုန်တိုင်းလှိုင်းတပိုးဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါသည်။ သို့သော် ဘုရားသခင်သည် ထိုခက်ခဲခြင်းများထဲ၌ ဘုရား၏အကြံအစည်၊ဖေးမခြင်း၊မစခြင်း၊အတူရှိခြင်းများကို ခံစားရရှိခဲ့ပါသည်။ တခါတရံဘုရားသခင်သည် အခက်ခဲများအားဖြင့် ကျွန်တော်တို့၏ အသက်တာကို ပုံသွင်းပြုပြင်ပေးပါသည်။ ထို့ကြောင့် ဘုရားသခင်၏ပုံသွင်းပဲ့ပြင်ပေးမှုသည် အကောင်းဆုံးသာ ဖြစ်သောကြောင့် မိမိ၏အသက်တာကို ဆပ်ကပ်၍လျှောက်လှမ်းကြရအောင်ဟု အားပေးလိုပါသည်။

ဖလားဆဲ