ဘုရားသခင်နှင့်အကျွမ်းဝင်၍မိတ်သဟာရဖွဲ့လော့

Share

ဘုရားသခင်နှင့်အကျွမ်းဝင်၍မိတ်သဟာရဖွဲ့လော့

22.3.2022(Tuesday)

‌ ယောဘ ၂၂:၂၁“ဘုရားသခင်နှင့်အကျွမ်းဝင်၍ မိတ်သဟာရဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ရောက်လိမ့်မည်”

ဒီကနေ့ လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်တွင် မိတ်သဟာရဖွဲ့ခြင်းသည် အထူးအရေးပါလှပါသည်။ မြန်မာအဘိဓာန်မှာတော့ မိတ်သဟာရ ကို အပေါင်းအသင်းဟုဖွင့်ဆိုထားပါသည်။ ဂဏ္ဍအသီးသီးတွင် ပေါင်းသင်းဆက်ဆံရေးသည် အရေးပါလှပါသည်။

လူအချင်းချင်း မိတ်သဟာရဖွဲ့ခြင်းသည်အ ရေးကြီးသလို၊ ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ခြင်းသည်လည်း အရေးကြီးသောဂဏ္ဍတွင်ပါဝင်ပါသည်။ နှုတ်ကပတ်သမ္မာကျမ်းထဲတွင် ယောဘသည် ဘုရားအပေါ်သစွာရှိသောဖြစ်ပါ၏။ သူ၏စိတ်နှလုံးတောင့်တရာသည်ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ဖို့ရန်ဖြစ်သည်။ ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ခြင်းအားဖြင့် ရရှိမည့်ကောင်းကြီးမင်္ဂလာကို ပြောခဲ့ပါသည်။ ထိုအရာမှာ “ကောင်းစားမည်”ဟူ၍ဖြစ်ပါသည်။ တခါတရံ ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့သော်ငြားလည်း ဘာလို့ဆင်းရဲရတာလဲ(သို့)ဘာလို့ ခက်ခဲရတာလဲ။ မေးခွန်းများရှိနိုင်ပါသည်။သို့သော် ကောင်းစားခြင်းဆိုသည်မှာ ငွေကြေးပြည့်စုံမှူ၊ ရုပ်ဝါဒပစွည်းဥစွာပိုင်ဆိုင်မှုတစ်ခုတည်းမဟုတ်ပါ။ အချို့သော ငွေကြေးကြွယ်ဝသူများသည် စိတ်၏ကောင်းစားခြင်းကို မရရှိဘဲ စိုးရိမ်ပူပန်မှုများဖြင့် ဖြတ်ကျော်ကြရပါသည်။ လောကီပေးသောကောင်းစားခြင်းမဟုတ်ဘဲ ဘုရားပေးသော ကောင်းစားခြင်းရှိဖို့လိုပါသည်။ ထိုကောင်းစားခြင်းဖြင့်သာ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းများကို ရရှိမည်ဖြစ်ပါသည်။ဘုရားသခင်နှင့်အကျွမ်းဝင်၍ မိတ်သဟာရဖွဲ့ခြင်းအားဖြင့်သာ စိတ်နှလုံး၏ကောင်းစားခြင်းကို ရရှိမည်ဖြစ်သော နေ့ရက်စဥ်တိုင်းအထံတော်သို့ချည်းကပ်ကြဖို့ပါ။

ဖလားဆဲ