ဝေဖန်ခြင်းကိုလျစ်လျူရှု
21.3.2022(Monday)
၁ကော ၉:၂၄“မြေတလင်း၌ပြိုင်၍ ပြေးသောသူအပေါင်းတို့သည်ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင်ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည့်အကြောင်း ပြေးကြလော့”
ဝေဖန်ခြင်းဟူသောအရာကို ပြိုင်ပွဲများလုပ်သည့်အခါတွင် တွေ့ရတတ်ပါသည်။ အချို့က မှန်ကန်သောဝေဖန်ခြင်းဖြင့် သုံးသပ်ကြသလို အချို့ကတော့ စိတ်ပျက်အားလျော့ဖို့ရန်ဝေဖန်တိုက်ခိုက်သည်မျိုးလည်းရှိကြပါသည်။
တစ်ခါက ဖားများသည် အုတ်တံတိုင်းတတ်ပြိုင်ပွဲကျင်းပကြပါသည်။ အချို့ဖားများကျတော့“ဟာ…ဒီလောက်အမြင့်ကြီး တတ်နိုင်မယ်မထင်ဘူး။တစ်ဝက်တတ်နိုင်ရင်တောင်ပြန်ဆင်းရမဲ့သူအတူတူ မပြိုင်ဘူးကွာ”ဟုဆိုကြပါသည်။ အချို့ဖားများကျတော့ အစမ်းသဘောတတ်ကြပါသည်။ထို့သို့တတ်စဉ် “မင်းတို့ကွာ…တတ်နိုင်မှာလည်းမဟုတ်ဘဲ ဘာလို့တတ်နေတာလဲ”ဟု အောက်ကဖားများက ဝေဖန်တိုက်ခိုက်ကြပါသည်။ သူတို့လည်းနားယောင်ပြီးဆက်မတတ်တော့ဘဲ ပြန်ဆင်းလာကြပါတော့သည်။ သို့သော် ဖားအများကြီးရှိသည့်အထဲမှ တကောင်တည်းသောဖားတကောင်သည် အခြားသူများပြောစကားကို ဂရုမစိုက်ဘဲ ကြိုစားတတ်ကာ အုတ်တံတိုင်းပေါ်သို့ရောက်ပြီး ဆုလဒ်ကိုရရှိခဲ့ပါသည်။အမှန်တကယ်တော့ ထိုဖားသည်နားမကြားသောဖားဖြစ်ပါ၏။ ထိုအတူပဲ ကျွန်တော်တို့သည်လည်း ထိုနားမကြားသောဖားကဲ့သို့ ဝေဖန်မှုများကို လျစ်လျူရှုကာ မှန်ကန်သောပန်းတိုင်သို့ အရောက်လှမ်းရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု၍ချီးမြောက်မည်ဖြစ်ပါသည်။
ဖလားဆဲ