ကိုးစားနားထောင်

Share

ကိုးစားနားထောင်

20.3.2022(Sunday)

၁ရာ ၁၅:၂၂“အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏”

ကျွန်တော်တို့၏ဘဝအသက်တာတွင်တခါတရံ လုပ်တိုင်းလည်းမဖြစ်၊ကြိုးစားလည်း မအောင်မြင်သော အချိန်မျိုးဖြတ်သန်းရချိန်ရှိပါ၏။ စာရေးသူသည်လည်း တခါက အလုပ်ကောင်းတစ်ခုအရမ်းလိုချင်ခဲ့ပါသည်။ ကြိုးစား၍ အကောင်းဆုံးဖောင်တင်သော်ငြားလည်း အလုပ်မရခဲ့ပါ။

ထိုနည်းတူစွာပင် တံငါးသည်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရသော ပေတရုတို့ညီအစ်ကိုတသိုက်သည် ကြုံခဲ့ရပါ၏။ လူ့အမြင်ဖြင့် ကြည့်မည် ဆိုလျှင် အင်မတန်မှကျွမ်းကျင်သော တံငါသည်များဖြစ်ပါသည်။ မည်မျှပင် ကျွမ်းကျင်စေကာမူ တညတွင် ငါးဖမ်းသော်လည်း တကောင်မှမရပေ။ မနက်မိုးလင်းတော့ သခင်ယေရှုသည် သူတို့ထံသို့ရောက်လာပါသည်။ ထို့နောက်သခင်ယေရှုက သူတို့အား ရေနက်ရာသို့ထပ်မံ၍ ပိုက်ကွန်ကို ချပါဟုအမိန့်ပေးပါသည်။ သူတို့လည်း လူသားအနေဖြင့် စိတ်ပျက်နေချိန်မျိုးတွင် သခင်ယေရှုက လုပ်ဆောင်ခိုင်းပါသည်။ သို့သော်သူတို့သည် ဘာတခုမှစောတကမတတ်တော့ဘဲ သခင်ယေရှုခိုင်းသည့်အတိုင်းလုပ်ဆောင်သည့်အခါ အံဩဘွယ်ရာသ‌င်္ဘောနှစ်စင်းနစ်မတတ် ငါးများကို ရရှိခဲ့ပါသည်။ ဘုရားစကားနားထောင်ခြင်းသည် အချည်းနှီးမဖြစ်စေခဲ့ပါ။ ဘုရားစကားကို နားထောင်ပြီး လုပ်ဆောင်သောအရာများသည် အောင်မြင်ခြင်းကို ရရှိမည်ဟု အားပေးပါရစေ။

ဖလားဆဲ